中文 English {{ activeLangText || 'Languages' }} {{ item.text }}
စိုက်ပျိုးရေးသုံး ဒရုန်းယာဉ်များတွင် ရွေ့လျား "အားသွင်းဘက်ထရီ" ကို စတင်အသုံးပြု
အကြောင်းအရာ

စိုက်ပျိုးရေးသုံး ဒရုန်းယာဉ်များတွင် ရွေ့လျား "အားသွင်းဘက်ထရီ" ကို စတင်အသုံးပြု

云南日报|
分享到Facebook

ယခုအခါ ငှက်ပျောသီး ဆွတ်ခူးချိန် ကျရောက်နေပြီဖြစ်ရာ ယူနန်ပြည်နယ် မာကွမ်းခရိုင် မာပိုင်မြို့နယ်တွင် ဒရုန်းယာဉ်နှစ်စင်းဖြင့် ငှက်ပျောသီးအဖီးလိုက်များကို သယ်ဆောင်နေကြပြီး မိနစ် ၁၀ အတွင်း လျှပ်စစ်ဓာတ်အား အပြည့်သွင်းနိုင်ကာ ချက်ချင်းပင် နောက်တစ်ခေါက် လုပ်ငန်းခွင်သို့ ဆက်လက်ဝင်ရောက်ကြသည်။ ဒရုန်းယာဉ်များအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနေသည်မှာ ဒီဇယ်ဂျင်နရေတာ မဟုတ်တော့ဘဲ ရွေ့လျား "အားသွင်းဘက်ထရီ" တစ်လုံး ဖြစ်လာသည်။ ၎င်းသည် တရုတ်တောင်ပိုင်း လျှပ်စစ်ဓာတ်အားလိုင်း ယူနန်လျှပ်စစ်ဓာတ်အားလိုင်း ကုမ္ပဏီမှ ယာဉ်တင် ရွေ့လျား စွမ်းအင်သိုလှောင်ရေး ကိရိယာဖြင့် စိုက်ပျိုးရေးသုံး ဒရုန်းယာဉ်များအား စွမ်းအင်ဖြည့်တင်းပေးသည့် ပထမဆုံးအကြိမ် စမ်းသပ်မှု ဖြစ်ပါသည်။

​ရေရှည်တွင် ယူနန်ပြည်နယ်သည် တောင်ထူထပ်ပြီး မတ်စောက်ကာ မြေကွက်များ ပြန့်ကျဲလျက်ရှိသဖြင့် ကွင်းပြင်တွင် လျှပ်စစ်မီး ရယူရန် ခက်ခဲလှသည်။ စိုက်ပျိုးရေးသုံး ဒရုန်းယာဉ်တစ်စင်းသည် လျှပ်စစ်အပြည့်ဖြင့် မိနစ် ၂၀ ခန့်သာ ပျံသန်းနိုင်ပြီး ယခင်က လောင်စာဆီသုံး ဂျင်နရေတာဖြင့် လျှပ်စစ်ဓာတ်အား ပံ့ပိုးခဲ့ရာ ဆူညံသံကြီးပြီး ကုန်ကျစရိတ်လည်း မြင့်မားလှသည်။ ထို့ကြောင့် ယူနန်လျှပ်စစ်ဓာတ်အားလိုင်း ကုမ္ပဏီက ရွေ့လျားစွမ်းအင်သိုလှောင်ရေး အစိမ်းရောင်စွမ်းအင်ဖြည့်တင်းရေး အစီအမံကို ထုတ်ဖော်ခဲ့ပြီး စက်တစ်လုံးလျှင် ကီလိုဝပ်နာရီ ၁၀၀ ရှိသော စွမ်းအင်သိုလှောင်ရေး ကိရိယာကို ပစ်ကပ်ထရပ်ကားပေါ်တွင် တင်ဆောင်ကာ ပြောင်းလွှဲသယ်ယူနိုင်ပြီး စိုက်ပျိုးရေးသုံး ဒရုန်းယာဉ်များနှင့် ကိုက်ညီသည့် တိုက်ရိုက်လျှပ်စစ် အားသွင်းပေါက်ကို တီထွင်ထုတ်လုပ်ခဲ့ကာ ဒရုန်းဘက်ထရီ နှစ်စင်းကို တစ်ပြိုင်နက်တည်း အမြန်အားသွင်းနိုင်ရန် ထောက်ပံ့ပေးထားသည်။

​"အရင်တုန်းက ငှက်ပျောသီးခူးပြီးရင် အကုန်လုံး လူနဲ့ပဲ သယ်ရတယ်။ တွဲကားတစ်စီး တင်ဖို့ဆို အလုပ်သမား သုံးလေးဆယ်လောက် လိုအပ်တယ်။ အခုတော့ ဒရုန်းယာဉ်နှစ်စင်းနဲ့ ပြီးသွားပါပြီ" ဟု ငှက်ပျောစိုက်ပျိုးသည်မှာ အနှစ် ၂၀ ရှိပြီဖြစ်သော တောင်သူ ကျင့်ကော်ဝေက ပြောသည်။ တွက်ချက်မှုများအရ လောင်စာဆီသုံး ဂျင်နရေတာဖြင့် အားသွင်းရာတွင် လျှပ်စစ်တစ်ယူနစ်လျှင် ကုန်ကျစရိတ် ၆ ယွမ် ခန့် ရှိသော်လည်း ရွေ့လျားစွမ်းအင်သိုလှောင်ရေး ကိရိယာမှာ အများဆုံး ၂ ယွမ် သာ ရှိသည်။ "အားသွင်းဘက်ထရီ" တွင် မီးအပြည့်ရှိပါက ဒရုန်းဘက်ထရီ ၆၀ ကို အလှည့်ကျ အားသွင်းနိုင်ပြီး တစ်နေ့တာ လုပ်ငန်းခွင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကာ စက်တစ်လုံးလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၆.၂၁ တန် လျှော့ချနိုင်မည်ဟု ခန့်မှန်းရပါသည်။

​လယ်ယာလုပ်ငန်း အားလပ်ချိန်တွင် ၎င်းသည် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များအတွက်ပါ လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ပြီး အရေးပေါ် လျှပ်စစ်ဓာတ်အား အာမခံချက်ပေးခြင်း စသည်တို့တွင်လည်း ပါဝင်ဆောင်ရွက်နိုင်ပါသည်။ လက်ရှိတွင် ယူနန်လျှပ်စစ်ဓာတ်အားလိုင်း စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်သည် တစ်ပြည်နယ်လုံးတွင် ကိရိယာ အလုံး ၂၀၀ နီးပါးကို ဖြန့်ကျက်ထားရှိပြီး ရပ်ကွက်ဧရိယာ ၄၅၀ ၏ ပုံမှန်လည်ပတ်မှုကို အာမခံပေးလျက်ရှိသည်။ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရပ်ကွက်ဧရိယာ အလွန်အကျွံဝန်ပိခြင်းနှင့် ဗို့အားအရည်အသွေး ပြဿနာများကို စုစုပေါင်း အကြိမ်ပေါင်း ၁၃၅၆၀၀ အထိ ဖြေရှင်းပေးနိုင်ခဲ့ပြီး စုစုပေါင်း လျှပ်စစ်ထုတ်လွှတ်မှုမှာ ကီလိုဝပ်နာရီ ၅၈၀၀၀၀ ရှိပြီ ဖြစ်ပါသည်။