中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်-မြန်မာ အားကစားသမားများ ယူနန်ပြည်နယ် လုံချွမ်၌ ကျင်းပသော "ပေါက်ဖော်ဖလား" ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်
“မင်္ဂလာ” > အကြောင်းအရာ

တရုတ်-မြန်မာ အားကစားသမားများ ယူနန်ပြည်နယ် လုံချွမ်၌ ကျင်းပသော "ပေါက်ဖော်ဖလား" ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်

新华网|
分享到Facebook

左右滑动查看更多精彩图片​

အောက်တိုဘာလ ၇ ရက်နေ့တွင် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ဦးတည်သော ဗဟိုချက်အဖြစ် တည်ဆောက်ရေးဆိုင်ရာ အားကစားဖလှယ်ပွဲနှင့် "လှပသော လုံချွမ်" ၂၀၂၆ ခုနှစ် "ပေါက်ဖော်ဖလား" ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ယူနန်ပြည်နယ် လုံချွမ်ခရိုင်၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အဆိုပါ ပြိုင်ပွဲသည် ၇ ရက်ကြာမြင့်ပြီး ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ထိုအထဲတွင် မြန်မာဘောလုံးအသင်း ၈ သင်း ပါဝင်ခဲ့သည်။ ပြိုင်ပွဲကွင်းအတွင်း၌ တရုတ်နှင့် မြန်မာအားကစားသမားများ အတူတကွ ယှဉ်ပြိုင်ခဲ့ကြပြီး ကွင်းပြင်ပတွင်လည်း တရုတ်-မြန်မာ ဘောလုံးဝါသနာရှင်များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်။ ပွဲဝက်အားလပ်ချိန်တွင် မနောအက အားပေးအဖွဲ့က ကွင်းအတွင်း လာရောက်ဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲအတွက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အငွေ့အသက်များကို ပိုမိုဖြည့်ဆည်းပေးခဲ့သည်။