中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ၅၀၀ ကီလိုဗို့ လျှပ်စစ်ကွန်ရက် စိမ်းလန်းစိုပြေရေးစီမံကိန်း မိုးသစ်တောဂေဟစနစ် ကာကွယ်ထိန်းသိမ်းရေးစီမံကိန်း ရွေးချယ်ခံရ
သတင်း > အကြောင်းအရာ

တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ၅၀၀ ကီလိုဗို့ လျှပ်စစ်ကွန်ရက် စိမ်းလန်းစိုပြေရေးစီမံကိန်း မိုးသစ်တောဂေဟစနစ် ကာကွယ်ထိန်းသိမ်းရေးစီမံကိန်း ရွေးချယ်ခံရ

云南日报|
分享到Facebook

မကြာသေးမီက “စွမ်းအင်နှင့် ဇီဝမျိုးစုံမျိုးကွဲ၊ စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ အဓိကစီးဆင်းမှုဖြင့် ‘ကူမင်း-မွန်ထရီ မူဘောင်’ အကောင်အထည်ဖော်မှုကို တွန်းအားပေးခြင်း” အဓိက ခေါင်းစဉ်ပါရှိသော အစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ၂၀၂၆ ခုနှစ် “စွမ်းအင် အသွင်ကူးပြောင်းမှုဖြင့် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးကို တွန်းအားပေးသည့် စာရင်း”ကို ထုတ်ပြန်ခဲ့ရာ တောင်ပိုင်း လျှပ်စစ်ကွန်ရက်ကုမ္ပဏီမှ တင်သွင်းခဲ့သည့် “တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ၅၀၀ ကီလိုဗို့ လျှပ်စစ်ကွန်ရက် စိမ်းလန်းစိုပြေရေးစီမံကိန်း၏ မိုးသစ်တောဂေဟစနစ် ကာကွယ်ထိန်းသိမ်းရေး”စီမံကိန်းသည် ရွေးချယ်ခံခဲ့ရပါသည်။

​တရုတ်-လာအို ၅၀၀ ကီလိုဗို့ ကွန်ရက်ချိတ်ဆက်ရေး စီမံကိန်း (တရုတ်နိုင်ငံအပိုင်း)သည် နိုင်ငံတော် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အောက်ရှိ တရုတ်နှင့် လာအို အပြန်အလှန် ချိတ်ဆက်မှုတွင် အဓိကကျသော အခြေခံအဆောက်အအုံ ဖြစ်ပြီး ဆစ်ဆောင်ပန်နား အပူပိုင်း မိုးသစ်တော စသည့်ဂေဟစနစ် ထိလွယ်ရှလွယ်သော ဒေသများကို ဖြတ်သန်းသွားမည် ဖြစ်ပါသည်။ စီမံကိန်း ဒီဇိုင်းရေးဆွဲသည့် ကာလတွင် သဘာဝ ကာကွယ်ရေးနယ်မြေများကို တက်ကြွစွာ ရှောင်ရှားခဲ့ပြီး မိုးသစ်တောကို ဖြတ်သန်းသည့် လမ်းကြောင်း အချိုးအစားကို ၃၂% မှ ၂၀% သို့ လျှော့ချခဲ့ကာ ပါဝင်ပတ်သက်နေသော ကာကွယ်ရေးနယ်မြေများကို ၁၃ ခုမှ ၈ ခုသို့ လျှော့ချခဲ့ပါသည်။ “ရဟတ်ယာဉ် + ဒရုန်းယာဉ်”တို့ကို ပူးပေါင်းအသုံးပြုကာ ပစ္စည်းများကို ပို့ဆောင်ခဲ့ပြီး စုစုပေါင်း သယ်ယူပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၅၀၀၀ ကျော် ရှိကာ ဂေဟစနစ်နှောင့်ယှက်မှုကို ၉၀% ကျော် လျှော့ချနိုင်ခဲ့ပြီး လုပ်ငန်းခွင်၏ ၈၈% တွင် “လမ်းမဖောက်ဘဲ ဆက်သွယ်ရောက်ရှိနိုင်မှု”ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ စီမံကိန်းသည် “လူသားတို့ ကာကွယ်ခြင်း + နည်းပညာဖြင့် ကာကွယ်ခြင်း" ဆင်များကာကွယ်ထိန်းသိမ်းရေး ယန္တရားကို တည်ဆောက်ခဲ့ပြီး အာရှဆင် ကြိုတင်သတိပေးရေး အက်ပ်ကို အခြေခံကာ ဆင်အုပ်စုများ လှုပ်ရှားမှု ခြေရာများကို အချိန်နှင့်တပြေးညီ ခြေရာခံခြင်းဖြင့် စီမံကိန်းတည်ဆောက်ရေးနှင့် ဆင်အုပ်စုများ လှုပ်ရှားမှုတို့ အချင်းချင်း နှောင့်ယှက်မှု မရှိစေရန် အာမခံချက် ပေးထားပါသည်။ အဆိုပါ စီမံကိန်းသည် သစ်ပင် ၃၀၀၀၀ ကျော်ကို ခုတ်ထွင်ရှင်းလင်းခြင်း မပြုဘဲ ချန်လှပ်ထားနိုင်ခဲ့ပြီး မိုးသစ်တော တရုတ်ဧက (မူ) ၁၀၃ ကို ထိန်းသိမ်းနိုင်ခဲ့ကာ တည်ဆောက်ရေး လုပ်ငန်းခွင် မျက်နှာပြင်၏ သစ်ပင်ပန်းမန် ပြန်လည်ရှင်သန်မှုနှုန်းမှာ ၁၀၀% အထိ ရှိပါသည်။

​တရုတ်-လာအို ၅၀၀ ကီလိုဗို့ ကွန်ရက်ချိတ်ဆက်ရေး စီမံကိန်းသည် ယခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် တရားဝင် စတင်လည်ပတ်ခဲ့ပြီး တရုတ်နှင့် လာအို လျှပ်စစ်ဓာတ်အား အပြန်အလှန် အကူအညီပေးနိုင်စွမ်းသည် ၅၀၀၀၀ ကီလိုဝပ် မှ ကီလိုဝပ် ၁.၅ သန်းသို့ တိုးတက်လာခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့အထိ စုစုပေါင်း ပို့လွှတ်သည့် လျှပ်စစ်ပမာဏမှာ ကီလိုဝပ်နာရီ တစ်ဘီလီယံ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။