စာအုပ်ထက်က သံယောဇဉ် ၊"ကျောက်တုံး" သည် "ရွှေ" အဖြစ်သို့ မည်သို့ ပြောင်းလဲခဲ့သနည်း

စက်တင်ဘာလ ၂၄ ရက်နေ့တွင် "Tomorrow's Boss" တရုတ်-ကမ္ဘောဒီးယား လူငယ်စီးပွားရေးစွန့်ဦးတီထွင်မှု အဓိကအကြောင်းအရာ စာဖတ်ဝိုင်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့ပြီး ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ မီဒီယာ စသည့်လုပ်ငန်းများမှ လူငယ်ကိုယ်စားလှယ်များက စီးပွားရေးစွန့်ဦးတီထွင်မှု အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။
ကျုံးထုန်း အမြန်သယ်ယူပို့ဆောင်ရေး (ကမ္ဘောဒီးယား) ကုမ္ပဏီလီမိတက် ပင်လယ်ရပ်ခြား ဂိုဒေါင် ဒါရိုက်တာ ဟူကျဲချန်က ၂၀၁၇ ခုနှစ်တွင် အဖွဲ့သည် ကမ္ဘောဒီးယားသို့ စတင်ရောက်ရှိချိန်၌ ဘာသာစကား မပေါက်မြောက်ဘဲ ပေါ်လစီ လုပ်ထုံးလုပ်နည်းများကို မကျွမ်းကျင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ ၉ နှစ်တာကာလအတွင်း ကုမ္ပဏီသည် အလိုအလျောက် ပစ္စည်းခွဲခြားသည့် စနစ်နှင့် စမတ်ဂိုဒေါင်စီမံခန့်ခွဲမှု စနစ်တို့ကို မိတ်ဆက်ခဲ့ပြီး တက္ကသိုလ်များနှင့် ပူးပေါင်း၍ ကမ္ဘောဒီးယား လူငယ်များကို လေ့ကျင့်သင်တန်းပေးခဲ့သည်။ လက်ရှိတွင် ကျုံးထုန်း အမြန်သယ်ယူပို့ဆောင်ရေးသည် ကမ္ဘောဒီးယား၌ ကိုယ်ပိုင်လုပ်ကိုင်သောဆိုင်ခွဲနှင့် စက်ရုံခွဲ ကွန်ရက်စခန်း ၄၀၀ အထိ ရှိလာပြီး ဒေသခံ ဝန်ထမ်း ၂၀၀၀ ကျော် ရှိပြီဖြစ်သည်။
ပီဒါကော်ဖီခြံ ကိုယ်စားလှယ် Ros Syhorn က ၂၀၂၄ ခုနှစ်၌ နိုင်ငံတကာ အရည်အသွေးမြင့် ကော်ဖီအသင်းက အဆိုပါ ကော်ဖီခြံ၏ အာရာဘီကာ ကော်ဖီစေ့ကို ရမှတ် ၈၅.၁၇ မှတ် ပေးခဲ့ကြောင်း၊ ယင်းသည် ကမ္ဘောဒီးယား၏ အနိမ့်ပိုင်းဒေသ ပင်လယ်ရေမျက်နှာပြင်နိမ့်သော ဒေသများတွင်လည်း အရည်အသွေးမြင့် ကော်ဖီများကို စိုက်ပျိုးနိုင်သည်ဟု အဓိပ္ပာယ်ရကြောင်း မျှဝေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းတို့ မိတ်ဆက်ခဲ့သော ကော်ဖီပျိုးပင် ၁ သောင်းအနက် ၈ ထောင် သေဆုံးခဲ့သော်လည်း ယခုအခါ မြေ ၇ ဟက်တာပေါ်တွင် အာရာဘီကာ ကော်ဖီပင် ၁.၉ သောင်း စိုက်ပျိုးထားရှိပြီး ခမာဘာသာ နည်းပညာလက်စွဲကို ရေးသားကာ ဒရုန်းဖြင့် မြေသြဇာကျွေးခြင်းနှင့် ရေခြိုးခြံခြင်းတို့ကို ဆောင်ရွက်နေပြီ ဖြစ်သည်။ "ကော်ဖီစေ့တစ်စေ့က ရွှေအဖြစ် ပြောင်းလဲသွားတာဟာ ၎င်းက မွေးရာပါ တန်ဖိုးကြီးမားလို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ လက်တွေ့ဘဝရဲ့ ထပ်မံစမ်းသပ်မှုကို ခံယူပြီးနောက်မှာ မတ်တပ်ရပ်ဖို့ ရွေးချယ်ခဲ့ကြလို့ပါ"။
ကမ္ဘောဒီးယား ဒန်းဒယ်လီယွန်ပညာရေး ဝန်ဆောင်မှုကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ လီရှောင်းယန့်သည် တရုတ်ဘာသာပညာရေးကို ၁၁ နှစ်တိုင် ဆောင်ရွက်ခဲ့ပြီး ကျောင်းသားများကို ထျန်းကျင်းသို့ ခေါ်ဆောင်၍ တရုတ်စာရွတ်ဆိုပြိုင်ပွဲ၌ ပါဝင်စေခဲ့ရာ ကလေးငယ်များသည် "ဖေဖေ မေမေက သင်ခိုင်းလို့" ဆိုသည်မှ "ကျွန်တော် သင်ချင်လို့" သို့ ပြောင်းလဲလာခဲ့ကြသည်၊ "ဒီအပြောင်းအလဲကို ကျွန်မတို့ ၁၁ နှစ်တာ ကာလပတ်လုံး စိတ်ရှည်လက်ရှည် ပျိုးထောင်ပုံဖော်ခဲ့ရတာပါ"။ ကမ္ဘောဒီးယား ဝူခုန်း မီဒီယာ ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ လီကျင်းက ကုမ္ပဏီသည် သာမန်လူများကို ဗီဒီယို ဖန်တီးသူများ ဖြစ်လာစေရန် ကူညီပေးလျက်ရှိပြီး ကမ္ဘောဒီးယား ဘလော့ဂါများကို ယူနန်သို့ ဖိတ်ခေါ်၍ သဘာဝအလှများကို ရိုက်ကူးဖန်တီးစေခဲ့သော ဗီဒီယိုများသည် ကမ္ဘောဒီးယား၌ ကြည့်ရှုသူအကြိမ်ရေ စုစုပေါင်း သန်း ၃၀ နီးပါး ရှိခဲ့ကြောင်း မိတ်ဆက်ခဲ့သည်။
ကမ္ဘောဒီးယား အမျိုးသားပြတိုက် ကျောက်စာ ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းရေး ဓာတ်ခွဲခန်း ဒါရိုက်တာ စီသာ. ဝိသာဒူဘိုက တရုတ်အဖွဲ့သည် ၁၉၉၈ ခုနှစ်မှစ၍ ကမ္ဘောဒီးယားနှင့် ပူးပေါင်းကာ သောမနွန် (Chau Say Tevoda) နတ်ကျောင်းကို ပြုပြင်ထိန်းသိမ်းခဲ့ပြီးနောက် ပူးတွဲ၍ တာကဲအို (Ta Keo) နတ်ကျောင်း ပြုပြင်မှုကို ပြီးစီးခဲ့ကြောင်း၊ ယခုအခါ နန်းတော်ဟောင်း အကြွင်းအကျန်များ သုတေသနပြု ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို တွန်းအားပေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ "ဒီအလုပ်ရဲ့ အကြီးမားဆုံး အခက်အခဲက နည်းပညာ မဟုတ်ပါဘူး၊ လူ ဖြစ်ပါတယ်။ အနာဂတ်မှာ ပိုမိုများပြားတဲ့ တရုတ် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လူငယ်မျိုးဆက်သစ်တွေကို ပျိုးထောင်ပေးချင်ပါတယ်"။
ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအသင်း ဥက္ကဋ္ဌ ရှဲမိုနီလယ်က “ရှီကျင့်ဖိန် တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု” ပထမတွဲ ခမာဘာသာပြန်မူကို ယူဆောင်လာခဲ့ပြီး တရုတ် စကားပုံ "သူ့တောင်က ကျောက်တုံး" (အခြားသူ၏ အားသာချက်ကို ယူသုံးခြင်း) ကို ငှားရမ်း၍ လူငယ်များကို တိုက်တွန်းခဲ့သည် - "စီးပွားရေး ထူထောင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ စာအုပ်ထဲက အတွေ့အကြုံတွေကို ယူသုံးတတ်ဖို့၊ အခြားသူတွေရဲ့ အသိဉာဏ်ကို ယူသုံးတတ်ဖို့၊ သင်တိုးတက်စေနိုင်တဲ့ စွမ်းအားရှိသမျှ အရာအားလုံးကို ယူသုံးတတ်ဖို့ သင်ယူရပါမယ်"။