中文 English {{ activeLangText || 'Languages' }} {{ item.text }}
၆လအတွင်း တရုတ်၊အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့၏ အပြန်အလှန် ခရီးလှည့်လည် ခြင်းသည် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် အဓိပ္ပါယ်ရှိသည်ဟု တရုတ်ဆို
News Focus > အကြောင်းအရာ

၆လအတွင်း တရုတ်၊အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့၏ အပြန်အလှန် ခရီးလှည့်လည် ခြင်းသည် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် အဓိပ္ပါယ်ရှိသည်ဟု တရုတ်ဆို

CRI|
分享到Facebook

စက်တင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွန်းသည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

ကိုးကျားခွန်းက အမေရိကန်သမ္မတ ထရမ့်၏ ဖိတ်ကြားချက်အရ သမ္မတရှီကျင့်ဖိန်သည် အမေရိကန်သို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖိန်သည် သမ္မတထရမ့်နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း၊ ထိပ်သီခေါင်းဆောင်များ၏ သံတမန်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အစားမထိုးနိုင်သော မဟာဗျူဟာမြောက် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်၊အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ ၆လအတွင်း အပြန်အလှန်ခရီးလှည့်လည်ခြင်းသည် သမိုင်းဝင် မှတ်တိုင်တစ်ခုအဖြစ် အဓိပ္ပါယ် ရှိကြောင်း၊ တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနှစ်သာရကို  ကြွယ်ဝရန်၊ ဆွေးနွေး ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန်၊ သဘောထားကွဲလွဲမှုများကို သင့်လျော်စွာ စီမံခန့်ခွဲရန်၊ နှစ်နိုင်ငံပြည်သူများ၏ သုခချမ်းသာ ရရှိရေးကို အဆက်မပြတ် မြှင့်တင်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စည်ပင်သာယာရေးကို မြှင့်တင်ရန် အမေရိကန်နိုင်ငံနှင့်အတူ ကြိုးပမ်းအားထုတ်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။