တရုတ်ရေတပ်သင်္ဘောအုပ်စု ဟောင်ကောင်သို့ ရောက်ရှိ၊ နန်နင်းနှင့် ဟန်ယန်စစ်သင်္ဘောများကို ပြည်သူများအတွက် ဖွင့်လှစ်ပြသမည်
CRI|

ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဒုံးကျည်တင် ဖျက်သင်္ဘော “Nanning” နှင့် ဒုံးကျည် တင် အစောင့်အကြပ် သင်္ဘော “Hengyang” တို့ပါဝင်သော ရေတပ်သင်္ဘောအုပ်စုနှင့်အတူ သင်္ဘောတင်ရဟတ်ယာဉ်များနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသသို့ ရောက်ရှိပြီး အများပြည်သူလေ့လာကြည့်ရှုရေးခရီးစဉ်နှင့် ယဉ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုများကို (၅) ရက်ကြာ စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ “Nanning” နှင့် “Hengyang” ရေတပ်သင်္ဘောများသည် ပထမဆုံးအကြိမ် ဟောင်ကောင်ဒေသသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ “Nanning” နှင့် “Hengyang” ရေတပ်သင်္ဘောများကို Ngong Shuen Chau ရေတပ်စခန်း၏ ဆိပ်ကမ်းတွင် ဟောင်ကောင်နှင့် မကာအိုဒေသခံများနှင့် လူငယ် ကျောင်းသူကျောင်းသား များအပါအဝင် အများပြည်သူအတွက် ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။