中文 English {{ activeLangText || 'Languages' }} {{ item.text }}
ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်
News Focus > အကြောင်းအရာ

ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

CRI|
分享到Facebook

ဇွန်လ ၃၀ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။

ဝမ်ယိက ယခုနှစ် မေလတွင် သမ္မတရှီကျင့်ဖျင်နှင့် သမ္မတထရမ့်တို့ ပေကျင်းမြို့၌ တရုတ်-အမေရိကန် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေး တည်ဆောက်ခြင်း စသော အရေးကြီးသည့် သဘောတူညီချက်များကို ရရှိခဲ့ကြောင်း၊ လာမည့် ၃ နှစ်သာမက ပိုမိုကြာရှည်သောကာလအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်ချက်ကိုပြုလုပ်ပြီး ဖွံ့ဖြိုးရေး ဦးတည်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့ကြကြောင်း၊ အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်သောဆက်ဆံရေး တည်ဆောက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ မျှော်လင့်ချက်၊ နိုင်ငံတကာမိသားစုကြီး၏ မျှော်လင့်ချက် ဖြစ်ရုံသာမက တရုတ်နှင့် အမေရိကန်တို့၏ အခြေခံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ နှစ်နိုင်ငံတို့သည် တန်းတူညီမျှရေး၊ အပြန်အလှန်လေးစားရေး၊ အပြန်အလှန်အကျိုးရှိစေရေး စိတ်ဓါတ်ကို အမြဲစွဲကိုင်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်များကို တိကျသောမူဝါဒနှင့် လက်တွေ့ကျသော လုပ်ဆောင်ချက်များ အဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။