中文 English {{ activeLangText || 'Languages' }} {{ item.text }}
အနောက်ပိုင်း ကုန်းမြေ-ပင်လယ်ပြင် စင်္ကြံလမ်းသစ်၏ ပထမဆုံး ရှင်းကျန်းမှ အာဖရိကသို့ လမ်းကြောင်း စတင်ဖွင့်လှစ်
သတင်း > အကြောင်းအရာ

အနောက်ပိုင်း ကုန်းမြေ-ပင်လယ်ပြင် စင်္ကြံလမ်းသစ်၏ ပထမဆုံး ရှင်းကျန်းမှ အာဖရိကသို့ လမ်းကြောင်း စတင်ဖွင့်လှစ်

中国新闻网|
分享到Facebook

ဇူလိုင်လ ၂ ရက်နေ့က အနောက်ပိုင်း ကုန်းမြေ-ပင်လယ်ပြင် စင်္ကြံလမ်းသစ်၏ ပထမဆုံး ရှင်းကျန်း (Xinjiang) မှ အာဖရိကသို့ လမ်းကြောင်း ချိတ်ဆက်ခြင်းနှင့် ပင်လယ်-ရထားလမ်းပူးတွဲသယ်ယူပို့ဆောင်ရေး ပထမဆုံးသင်္ဘော ဆိပ်ကမ်းဆိုက်ကပ် ကြိုဆိုခြင်း အခမ်းအနားကို ဂွမ်ရှီးပြည်နယ် ဖန်းချန်ကန် (Fangchenggang) ဆိပ်ကမ်း၏ ယွီဝမ့် (Yuwan) ဆိပ်ကမ်းဧရိယာ၌ ကျင်းပခဲ့သည်။ ယခုလမ်းကြောင်း ဖွင့်လှစ်လိုက်ခြင်းသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” တည်ဆောက်ရေးနှင့် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ပင်လယ်-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး သွေးကြောမကြီးအသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ 

အဆိုပါ လမ်းကြောင်း၏ ပထမဆုံး ခရီးစဉ်အဖြစ် ပြေးဆွဲသော သင်္ဘောမှာ “ဟိန်ရှန့် (Heng Sheng)” ဖြစ်ပြီး သင်္ဘောအလျား ၃၀၀ မီတာ ရှိကာ ယခုအကြိမ်တွင် အာဖရိကမှ ပေါကြွယ်ဝသော အရောင်ရှိသတ္တု (Non-ferrous metal) ကုန်ကြမ်းတန်ချိန် ၂၀၅,၀၀၀ ကျော်ကို အပြည့်တင်ဆောင်၍ ဖန်းချန်ကန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကုန်စည်များသည် အနောက်ပိုင်း ကုန်းမြေ-ပင်လယ်ပြင် စင်္ကြံလမ်းသစ် ရထားလမ်းကွန်ရက်ကို အခြေပြု၍ ဖန်းချန်ကန်ဆိပ်ကမ်းမှတစ်ဆင့် ရှင်းကျန်းစက်မှုလုပ်ငန်း အချက်အခြာဒေသသို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ရာ “ပြည်ပအရင်းအမြစ်များ တင်သွင်းခြင်း - ကမ်းရိုးတန်းဆိပ်ကမ်းများတွင် စုဆုံဖြန့်ဖြူးခြင်း - ဒေသတွင်း စက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း” ဟူသော ကုန်းမြေနှင့် ပင်လယ်ပြင် ချိတ်ဆက်လုပ်ဆောင်သည့် စက်မှုလုပ်ငန်းကွင်းဆက် ပိတ်စနစ် (Closed-loop) ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ 

ယခုလမ်းကြောင်းသည် ဖန်းချန်ကန်ဆိပ်ကမ်းကို ကုန်းမြေနှင့် ပင်လယ်ပြင် နှစ်ဖက်စလုံး ဆုံစည်းရာ အဓိကဗဟိုချက်အဖြစ် ထားရှိပြီး အလွန်ဝေးကွာသော အဏ္ဏဝါပင်လယ်-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်သစ်ကို ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် လက်ရှိတွင် တရုတ်နိုင်ငံ၌ စုစုပေါင်း အကွာအဝေး အရှည်လျားဆုံးဖြစ်သော အာဖရိက - ဂွမ်ရှီးဖန်းချန်ကန် - ရှင်းကျန်း ထောက်ပံ့ပို့ဆောင်ရေး စင်္ကြံလမ်းသစ်တစ်ခု ဖြစ်ကြောင်း သိရသည်။