"ယူနန် ဘဝ" အတွင်း၌ ရှုခင်းကောင်းများ ရှိသကဲ့သို့ ဘဝကောင်းများလည်း ရှိသည်

ယခုနှစ်မှစ၍ ယူနန်သို့ ဝင်ရောက်လာသော ပြည်ပခရီးသွားဦးရေသည် လူဦးရေ ၉ သိန်း ၉ သောင်းကျော် အထိ ရှိခဲ့ပြီး "Yunnanmaxxing" (ယူနန်ဘဝအတွေ့အကြုံကို အပြည့်အဝ ရရှိခံစားခြင်း) ဟူသောခေါင်းစဉ်သည် ပြည်ပ၌ ဆက်လက်ရေပန်းစားလာခဲ့သည်။ ပြည်ပခရီးသွား အများအပြားသည် ယူနန်သို့ ရောက်ရှိလာကြပြီး မျက်စိဖြင့် အလျင်အမြန် ကြည့်ရှုလည်ပတ်ရုံဖြင့် မကျေနပ်တော့ဘဲ မြို့ပြ၏ လူနေမှုဘဝ အငွေ့အသက်များ ပြည့်နှက်နေသည့် အတွေ့အကြုံများနှင့် နှေးကွေးသော စည်းဝါးရှိသည့် ဘဝ၏ လွတ်လပ်ပေါ့ပါးမှုကို ရှာဖွေလာကြသည်။ ပြည်ပဘလော့ဂါ အများအပြားသည် ယူနန်၌ အမြစ်တွယ်နေထိုင်ကြပြီး ကမ္ဘာကြီးထံသို့ သက်ဝင်လှုပ်ရှားသော ဇာတ်လမ်းများကို ပြောပြပေးနေကြရာ "ယူနန်ဟု ခေါ်ဆိုသော ဘဝနေထိုင်မှုပုံစံတစ်မျိုး" ကို ပိုမိုထင်ရှားပေါ်လွင်၍ ခံစားသိရှိနိုင်စေခဲ့သည်။
ယဉ်ကျေးမှုဖြတ်ကျော် ပြန့်ပွားရေးသည် ယူနန်၏ ရေပန်းစားမှုကို မြင့်တက်လာစေခဲ့ပြီး ခရီးသွား မြောက်မြားစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ပြည်ပခရီးသွားများ၏ အမြင်ဆီသို့ ရှေးရှု၍ ဒေသခံ ပြည်သူများ၏ ဘဝကိုလည်း လူအများအပြားက မြင်တွေ့နိုင်ခဲ့ကြသည်။
ယူနန်ဘဝ၏ သက်တောင့်သက်သာ ပေါ့ပါးမှုသည် ယူနန်လူမျိုးများ၏ သက်ဝင်လှုပ်ရှား၍ မျိုးစုံကြွယ်ဝသော နေ့စဉ်ဘဝမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ပြည်ပခရီးသွားများ၏ ရိုက်ကူးမှုအောက်ရှိ ယူနန်သည် တစ်ဦးချင်း အမြင်များ ပါဝင်နေသည်မှာ မရှောင်လွှဲနိုင်ဘဲ ယူနန်ဘဝ၏ ရုပ်လုံးအပြည့် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ "ယူနန်ဟု ခေါ်ဆိုသော ဘဝနေထိုင်မှုပုံစံတစ်မျိုး" သည် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ဆက်လက် ဆွဲဆောင်နိုင်နေခြင်းသည် လူအများ၏ လှပသော တောင်စိမ်းရေကြည်၊ အပြန်အလှန် နားလည်သည်းခံသော အဝန်းအဝိုင်းနှင့် စစ်မှန်သော သံယောဇဉ်များအပေါ် တောင့်တမှုနှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ ယူနန်သည် အရပ်လေးမျက်နှာမှ ဧည့်သည်တော်များကို ကြိုဆိုရန် ရင်ခွင်ကျယ်ကျယ် ဖွင့်လှစ်ပေးထားရမည် ဖြစ်သကဲ့သို့ တောင်စိမ်းရေကြည်များကိုလည်း ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုမှ ဒေသခံ ပြည်သူများကို ပိုမိုအကျိုးပြုစေကာ ပြည်ပခရီးသွားများအနေဖြင့် ရှုခင်းကောင်းများကိုသာမက ဘဝကောင်းများကိုပါ မြင်တွေ့နိုင်စေရမည် ဖြစ်သည်။