中文 English {{ activeLangText || 'Languages' }} {{ item.text }}
ကူမင်းလေဆိပ်တွင် ပထမ ၇ လအတွင်း ဝင်ထွက်သွားလာသော ခရီးသွားဦးရေ ယမန်နှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့
သတင်း > အကြောင်းအရာ

ကူမင်းလေဆိပ်တွင် ပထမ ၇ လအတွင်း ဝင်ထွက်သွားလာသော ခရီးသွားဦးရေ ယမန်နှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့

云南日报|
分享到Facebook

ယခုနှစ် ပထမ ၇ လအတွင်း ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန်သည် ဝင်ထွက်သွားလာသော ခရီးသွားဦးရေ စုစုပေါင်း ၂.၃၇၆ သန်းကို ကြီးကြပ်စစ်ဆေးခဲ့ရာ ယမန်နှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ယင်းအနက် ဇူလိုင်လအတွင်း ဝင်ထွက်သွားလာသော ခရီးသွားဦးရေမှာ ၃.၁၆ သိန်း ရှိခဲ့ကာ ပြီးခဲ့သည့်လကထက် ၇.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

လက်ရှိတွင် ကူမင်းလေဆိပ်၌ ပျံသန်းနေသော အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၄၆ လိုင်းရှိပြီး နိုင်ငံနှင့် ဒေသ ၁၇ ခုသို့ ချိတ်ဆက်ထားကာ ကူမင်းလေဆိပ်မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ခရီးစဉ်ချိတ်ဆက်မှုစခန်း ၃၃ ခုနှင့် ပြည်တွင်းခရီးစဉ် ချိတ်ဆက်မှုစခန်း ၈၀ အထိ ရှိနေပါသည်။ ယခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံ ဖူးကွတ်ကျွန်း၊ တောင်ကိုရီးယားနိုင်ငံ ချောင်ဂျူးစသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း အသစ် ၃ လိုင်း တိုးချဲ့ခဲ့သဖြင့် ဝင်ထွက်သွားလာသူ ခရီးသည်များအတွက် ပိုမိုစုံလင်သော ခရီးသွားလာမှု ရွေးချယ်ခွင့်များကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်၏“အပြည်ပြည်ဆိုင်ရာမှ ပြည်တွင်းသို့” ခရီးစဉ် ချိတ်ဆက်မှု လမ်းကြောင်းကို စတင်အသုံးပြုခဲ့သဖြင့် ကူမင်းလေဆိပ်သည်“ပြည်တွင်းမှ အပြည်ပြည်ဆိုင်ရာသို့၊ အပြည်ပြည်ဆိုင်ရာမှ ပြည်တွင်းသို့၊ အပြည်ပြည်ဆိုင်ရာမှ အပြည်ပြည်ဆိုင်ရာသို့”ခရီးစဉ်ချိတ်ဆက်မှု လုပ်ငန်းစဉ်အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ကာ ခရီးသည်များ ခရီးစဉ် ချိတ်ဆက်ရန် ကြာမြင့်ချိန်ကို ပိုမိုလျှော့ချပေးနိုင်ခဲ့ပါသည်။