中文 English {{ activeLangText || 'Languages' }} {{ item.text }}
မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ပါက မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာမည်
သတင်း > အကြောင်းအရာ

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ပါက မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာမည်

缅华网|
分享到Facebook

ဇွန်လ ၁၇ ရက်နေ့တွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စသည့် ခြောက်နိုင်ငံမှ ခရီးသွားလုပ်ငန်း တာဝန်ခံများ ပါဝင်သော မဟာမဲခေါင်ဒေသခွဲ (GMS) ခရီးသွားလုပ်ငန်းဖိုရမ်ကို ရန်ကုန်မြို့ရှိ ပန်ပစိဖိတ်ဟိုတယ် (Pan-Pacific Hotel) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအနက် မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်အား အဓိကထား ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးရန်ဝင်းက “ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကောဝတ် (Angkor Wat) ဘုရားကျောင်းလိုနေရာမျိုးကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၅ သန်းနီးပါး ဝင်ရောက်နေတာ ဖြစ်ပါတယ်၊ အကယ်၍ မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းမယ့် လေကြောင်းလိုင်း ရှိလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနဲ့ အခြားခရီးသွားဆွဲဆောင်မှုရှိတဲ့ နေရာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုဝင်ရောက်လာမှာ ဖြစ်ပါတယ်၊ ဒီလေကြောင်းလိုင်းကို ကမ္ဘောဒီးယား၊ ထိုင်း စတဲ့ နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ဖွင့်လှစ်နိုင်မယ်ဆိုရင် နိုင်ငံတကာခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ပြီး မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။