စက်တင်ဘာလ ၁၈ရက်နေ့ကို မမေ့လျော့ရန် ရည်ရွယ်၍ ခေါင်းလောင်းထိုး သတိပေး အခမ်းအနားကို ရှိန်ယန်မြို့တွင် ကျင်းပ
CRI|

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက စက်တင်ဘာလ ၁၈ ရက်နေ့ ဖြစ်ရပ် ဖြစ်ပွားခဲ့သော လျောင်နင်ပြည်နယ် ရှိန်ယန်မြို့တွင် ခေါင်းလောင်းထိုး သတိပေး အခမ်းအနားကို ကျင်းပခဲ့သည်။ လူ့အဖွဲ့အစည်း အလွှာပေါင်းစုံမှ ခေါင်းလောင်းထိုးသူ ၁၄ ဦးတို့သည် "အမျိုးသားရေး အရှက်ရမှုကို ဘယ်တော့မှ မမေ့ပါနှင့်" ဟု ကမ္ပည်း ရေးထိုး ထားသည့် အထိမ်းအမှတ် အဆောက်အအုံဘေးတွင် စုဝေးကြပြီး ခေါင်းလောင်း ၁၄ ချက် ထိုးခဲ့ကြသည်။ ၎င်းအသံတို့သည် တရုတ်အမျိုးသားများ၏ ခက်ခဲကြမ်းတမ်းပြီး ဂျပန် ကျူးကျော်မှုကို ၁၄ နှစ်ကြာ ခုခံတိုက်ခိုက်မှုကို ကိုယ်စားပြုခဲ့သည်။
နံနက် ၉ နာရီ ၁၈ မိနစ်က လျောင်နင်ပြည်နယ်မှ မြို့များတွင် လေကြောင်းရန် ကာကွယ်ရေး ဥဩသံကို ၃ မိနစ်ကြာ တစ်ပြိုင်နက်တည်း မြည်ဟီးစေခဲ့ပြီး ယင်းမှ တစ်ဆင့် ကမ္ဘာသူကမ္ဘာသားများ သမိုင်းကို အမြဲ သတိရ သံဝေဂရစေရန်နှင့် ငြိမ်းချမ်း ရေးကို တန်ဖိုးထားရန် သတိပေးခဲ့သည်။