ရှီကျင့်ဖျင်နှင့် ပါကစ္စတန် သမ္မတ Zardariသည် တရုတ်-ပါကစ္စတန် သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့
CRI|
ယခုလ ၂၁ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်နှင့် ပါကစ္စတန် သမ္မတ Asif Ali Zardari သည် တရုတ်-ပါကစ္စတန် သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ကြောင်း သတင်းအရ သိရသည်။
ရှီကျင့်ဖျင်က မိမိသည် တရုတ်-ပါကစ္စတန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် လွန်စွာ အလေးထားကြောင်း၊ သမ္မတ Zardariနှင့် အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ်ကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး မဟာ ဗျူဟာမြောက် ကူးလူး ဆက်ဆံမှုကို အားဖြည့်ပြုလုပ်ကာ ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံ၍ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ခေတ်သစ်တွင် ပိုမို ရင်းနှီးသော တရုတ်-ပါကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်းကို အရှိန်မြှင့် တည်ဆောက်ကာ တရုတ်-ပါကစ္စတန် ဆက်ဆံမှု၏ ကောင်းကျိုးရလဒ်များကို နှစ်နိုင်ငံ ပြည်သူများအား ပိုမို ခံစားစေ၍ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဂုဏ်ပြု သဝဏ်လွှာတွင် အလေးထား ရေးသား ဖော်ပြထား သည်။
Zardariက ပါကစ္စတန် နိုင်ငံသည် တရုတ် နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် ပတ်သက်သည့် ပြဿနာများတွင် တရုတ် နိုင်ငံအား ဆက်လက် အားပေးထောက်ခံပြီး ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးကို အဆင့်သစ်သို့ တိုးမြှင့်မည် ဖြစ်ကြောင်း ဂုဏ်ပြု သဝဏ်လွှာတွင် ရေးသားဖော်ပြထားပါသည်။