中文 English {{ activeLangText || 'Languages' }} {{ item.text }}
“တရုတ်ပုံစံ လူနေမှုဘဝ” ကမ္ဘာတစ်ဝန်း ရေပန်းစား - အခရာကျသော စကားလုံး ၅ ခု၏ နောက်ဆက်တွဲ စွမ်းအားများ ပြင်းထန်လာ
ရှုထောင့် > အကြောင်းအရာ

“တရုတ်ပုံစံ လူနေမှုဘဝ” ကမ္ဘာတစ်ဝန်း ရေပန်းစား - အခရာကျသော စကားလုံး ၅ ခု၏ နောက်ဆက်တွဲ စွမ်းအားများ ပြင်းထန်လာ

中国新闻网|
分享到Facebook

၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ခရီးသွားလာမှုများ ဆက်လက် အရှိန်အဟုန်ကောင်းမွန်နေပြီး တရုတ်စတိုင်လ်ရေပန်းစားသော စကားလုံးအများအပြားသည် ပြည်ပမီဒီယာများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများတွင် ပေါက်ကွဲထွက်မတတ် ရေပန်းစားခဲ့ရာ ကမ္ဘာကြီး၏ တရုတ်နိုင်ငံအပေါ် အသိအမြင်များအရှိန်အဟုန်ဖြင့် သစ်လွင်လာမှုကို ထင်ဟပ်ပြသနေပါသည်။

​အခရာကျသောစကားလုံး (၁) - တရုတ်နိုင်ငံ ခရီးစဉ်။  ။ မဟာတံတိုင်းကြီးတက်ခြင်း၊ နန်းတော်ဟောင်း ကြည့်ရှုခြင်းစသည့် ရိုးရာခရီးစဉ်များမှသည် စက်ရုပ်ပြပွဲများ ကြည့်ရှုခြင်း၊ စွမ်းအင်သစ်မော်တော်ယာဉ်စက်ရုံများသို့ သွားရောက်လည်ပတ်ခြင်း စသည့် ခေတ်သစ် လမ်းကြောင်းများအထိ “ယဉ်ကျေးမှု ခရီးစဉ်” နှင့် “နည်းပညာ ခရီးစဉ်” တို့သည် စွဲမက်ဖွယ် စွမ်းအားဖြင့် ဆွဲဆောင်ထားပါသည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ပြည်ဝင်လာသော နိုင်ငံခြားသား ဦးရေသည် ၂၂.၉၁၄ သန်းအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၀.၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ တရုတ်နိုင်ငံက နိုင်ငံပေါင်း ၅၅ နိုင်ငံအတွက် ဖော်ဆောင်ပေးထားသော နာရီ ၂၄၀ ကြာ ဗီဇာကင်းလွတ်ခွင့် ပေါ်လစီကြောင့် နိုင်ငံခြားသားခရီးသွားများ တရုတ်နိုင်ငံသို့ လာရောက်ခြင်းသည် လွယ်လွယ်ကူကူလာရောက်နိုင်သော သာမန် အခြေအနေတစ်ခု ဖြစ်လာခဲ့ပါသည်။

​အခရာကျသောစကားလုံး (၂) - တရုတ်ပုံစံ လူနေမှုဘဝကို အပြည့်အဝနှစ်မြှုပ်ခံစားခြင်း။  ။ အနောက်နိုင်ငံများမှ မျိုးဆက်သစ် လူငယ်များသည် တရုတ်ပုံစံ လူနေမှုဘဝကို လေးနက်စွာ အတုယူဆောင်ရွက်လာကြပါသည် - ရေနွေးသောက်ခြင်း၊ ရိုးရာ“Baduanjin” လေ့ကျင့်ခန်းများ လေ့ကျင့်ခြင်း၊ သစ်ကြားသီး ဆုပ်ကိုင်ကစားခြင်း၊ ခြေထောက်ရေနွေးစိမ်၍ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ တရုတ်ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်း စသည်တို့ကို ပြုလုပ်ကြပြီး တရုတ်နိုင်ငံသို့ ခရီးသွားခြင်းကို လူနေမှုအတွေ့အကြုံသစ်အဖြစ် မှတ်ယူလာကြပါသည်။ ဤကဲ့သို့သော လူနေမှုပုံစံဆိုင်ရာ ယဉ်ကျေးမှုများ ပြန့်နှံ့လာမှုသည် လူနေမှုဘဝ၏ အသေးစိတ်အချက်အလက်များကို ပေါင်းကူးတံတားအဖြစ် အသုံးပြု၍ ကမ္ဘာကြီးအား ဘက်ပေါင်းစုံပါဝင်သော စစ်မှန်သည့် တရုတ်နိုင်ငံကို ပြသပေးလျက် ရှိပါသည်။

​အခရာကျသောစကားလုံး (၃) - အေးမြဆန်းသစ်သော တရုတ်နိုင်ငံ။  ။ ယခုနှစ် နွေရာသီတွင် တရုတ်ကုန်အမှတ်တံဆိပ် အဲကွန်းများ၊ ပန်ကာပါသော ဦးထုပ်များ၊ သယ်ဆောင်ရလွယ်ကူသော ပန်ကာများ စသည့် “အပူဒဏ်လျှော့ချပေးသော ပစ္စည်းများ” သည် ဥရောပတွင် အရောင်းရဆုံး ဖြစ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားသားခရီးသွား အများအပြားသည် တရုတ်နိုင်ငံသို့ လာရောက်၍ “သဘာဝ လေအေးပေးစက်အခန်း” ကို အတွေ့အကြုံ ယူခဲ့ကြရာ ဤစကားလုံးသည် တရုတ်နိုင်ငံ၏ နွေရာသီ အပူရှောင်သည့် အရင်းအမြစ်များကို ရည်ညွှန်းရုံတင်မကဘဲ တရုတ်နိုင်ငံ၏ ခေတ်မီ လူနေမှုဘဝ၏ ထိရောက်မှုနှင့် လုံခြုံမှုတို့အပေါ် ချီးကျူးဂုဏ်ပြုမှုကိုပါ ဖော်ပြနေပါသည်။  

​အခရာကျသောစကားလုံး (၄) - တရုတ်နိုင်ငံတွင် ဈေးဝယ်ခြင်း။  ။ ပြည်ပထွက်ခွာအခွန်ပြန်အမ်းခွင့် ပေါ်လစီများ၏ အကျိုးကျေးဇူးကြောင့် တရုတ်တစ်နိုင်ငံလုံးရှိ အခွန်ပြန်အမ်းခွင့်ရ ဈေးဆိုင်ပေါင်း ၁၅၀၀၀ ကျော်ရှိလာခဲ့ပြီး ပထမခြောက်လအတွင်း အခွန်ပြန်အမ်းငွေ ထုတ်ယူခဲ့သော ပြည်ပခရီးသွား ဦးရေသည် လွန်ခဲ့သောနှစ် တူညီသည့်ကာလထက် ၄ ဆခန့် တိုးတက်လာခဲ့ပါသည်။ ဒရုန်းများ၊ နည်းပညာသုံး မျက်မှန်များ၊ ယဉ်ကျေးမှုစာပေဆိုင်ရာ အရုပ်များစသည့် “တရုတ်နိုင်ငံ၏ ဒေသထွက်ကုန်သစ်များ” သည် နိုင်ငံခြားသား ခရီးသွားများအတွက် အကြိုက်တွေ့စရာ ဈေးဝယ်ပစ္စည်းများ ဖြစ်လာခဲ့ပါသည်။  

​အခရာကျသောစကားလုံး (၅) - တရုတ်လူမျိုး ဖြစ်လာခြင်း။  ။ တရုတ်ပုံစံ လူနေမှုဘဝ အတုယူသည့် ရေစီးကြောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး “အိမ်တွင် ဖိနပ်ပါး စီးရမည်”၊ “ရေခဲရေ မသောက်ရ”၊ “နံနက်ပိုင်းတွင် ဆန်ပြုတ် သောက်ရမည်” စသည့် အလေ့အထများမှ စတင်ကာ ယဉ်ကျေးမှုအပြန်အလှန် သက်ရောက်မှုများသည် အခြားနိုင်ငံတစ်ခု၏ နေ့စဉ်လူနေမှုဘဝများအတွင်းသို့ တိတ်တဆိတ် စီးဝင်သွားခဲ့ပါသည်။