中文 English {{ activeLangText || 'Languages' }} {{ item.text }}
ကျေးလက်မြို့ပြပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ် တည်ဆောက်ရန် အရှိန်မြှင့်တင်ခြင်း
သတင်း > အကြောင်းအရာ

ကျေးလက်မြို့ပြပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ် တည်ဆောက်ရန် အရှိန်မြှင့်တင်ခြင်း

CRI|
分享到Facebook

ကျေးလက်မြို့ပြပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ပုံစံ ခေတ်မီရေး၏ မလွဲမသွေ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ကျေးလက်မြို့ပြ ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရန်၊ ကျေးလက်မြို့ပြပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖွဲ့အစည်းဆိုင်ရာ ယန္တရားများနှင့် မူဝါဒစနစ်ကို ထူထောင်ပြီး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် ကျေးလက်မြို့ပြ ဟန်ချက်ညီအောင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့သည်။ အထွေထွေအတွင်းရေးမှူး ၏ လမ်းညွှန်ချက် အရ ဒေသ အသီးသီးတို့သည် ဒေသဆိုင်ရာအခြေအနေများနှင့် လိုက်လျော ညီထွေဖြစ်အောင် လုပ်ဆောင်ပြီး ကျေးလက်နှင့်မြို့ပြ ဒေသများအကြား အပြန်အလှန် စီးဆင်းမှုကို လွယ်ကူချောမွေ့စေပြီး ကျေးလက် မြို့ပြ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ် တည်ဆောက်ရန် အရှိန်မြှင့်တင်လျက်ရှိကြသည်။