ရှီကျင့်ဖျင်သည် ရှန်းတုန်းပြည်နယ် တယ်ကျိုးမြို့၌ ကွင်းဆင်းလေ့လာ
CRI|

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် ဇွန်လ ၂၄ ရက်နေ့တွင် ရှန်းတုန်းပြည်နယ် တယ်ကျိုး မြို့၌ ကွင်းဆင်းလေ့လာစဉ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီဆန်းသစ်လာစေခြင်းသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အလုံးစုံအခြေအနေနှင့် အရည်အသွေးပိုင်းတို့နှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ ခိုင်မာသော အစီအမံများဖြင့် လုပ်ငန်းအသီးသီးကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး စိုက်ပျိုးရေး ဘက်စုံထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေး အကျိုးအမြတ်များကို အားသွန်ခွန်စိုက် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံ အပါအဝင် အရေးကြီးသော လယ်ယာထွက်ကုန်ပစ္စည်းများ တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ရေးကို အာမခံရမည်ဖြစ်ကြောင်း၊ ဒေသအခြေအနေနှင့်အညီ နေချင်စဖွယ်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ရန် သင့်တော်သော လှပသာယာသည့် ကျေးလက်ဒေသ တည်ဆောက်ရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများအား မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့် ဉာဏ်ပညာတို့ဖြင့် ပိုမိုလှပသော လူနေမှုဘဝကို ဖန်တီးနိုင်ရန် လမ်းညွှန်ပေးရမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့တွင် ရှီကျင့်ဖျင်သည် ရှန်းတုန်းပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး လင်ဝူနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ကျိုးနိုင်ရှန်တို့ လိုက်ပါလျက် တယ်ကျိုးမြို့သို့ လာရောက်ကာ ကွင်းဆင်းလေ့လာ ကြည့်ရှုစစ်ဆေးခဲ့သည်။