中文 English {{ activeLangText || 'Languages' }} {{ item.text }}
မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ရှုထောင့် > အကြောင်းအရာ

မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

缅华网|
分享到Facebook

图片

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဟန်ကျိုးမြို့ ဟွာကျားစန်းကျွမ်း (Huajia Shanzhuang) ၌ အင်တာဗျူးတစ်ခု ဖြေကြားရာတွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အင်အားကြီးခြင်း ငယ်ခြင်း၊ အကျိုးအမြတ် ရှိခြင်း မရှိခြင်းတို့ကို ခွဲခြားမှုမရှိဘဲ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို အမြဲတစေ ဆုပ်ကိုင်ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံအချင်းချင်းအကြား သံတမန်ဆက်ဆံရေးသည် သက်ဆိုင်ရာ နိုင်ငံအားလုံးအတွက် အလွန်အရေးကြီးကြောင်း၊ ယင်းတွင် ခေါင်းဆောင်ပိုင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်သွယ်ရေး၊ သံတမန်ရေးရာကိစ္စရပ်များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍစုံ ပါဝင်ကြောင်း သမ္မတက ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံသည် မိမိရွေးချယ်ထားသော နိုင်ငံရေးစနစ်ကို ခိုင်မာစွာ ဖော်ဆောင်နေခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုနှင့် သြဇာသက်ရောက်မှုကို မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လာရောက်လည်ပတ်မှုများသည် နိုင်ငံအတွက် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးသဖြင့် ၎င်းကို စိတ်ရင်းမှန်ဖြင့် ကောင်းမွန်စွာ အသုံးချနိုင်ပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

သမ္မတက “ကျွန်တော်တို့ အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်တွေဟာ နိုင်ငံတော်ရဲ့ ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖို့အတွက် ဖြစ်ပြီး ရိုးသားဖြောင့်မတ်စွာနဲ့ လက်တွေ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးတွင်လည်း မြန်မာနိုင်ငံသည် ရိုးသားပွင့်လင်းမှုကို အခြေခံ၍ နိုင်ငံအားလုံးအပေါ် လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးလျက်ရှိရာ ယင်းသည် မြန်မာနိုင်ငံ၏ အခိုင်မာဆုံး ရပ်တည်ချက် ဖြစ်လာခဲ့ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး  အခြေခံမူကြီး (၅) ချက်အပေါ် အခြေခံ၍ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ဆက်ဆံလျက်ရှိပြီး ယင်းဆက်ဆံရေးများသည် မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာကို ပိုမိုတောက်ပစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။