中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယခုနှစ် ပထမ ၅ လအတွင်း ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏ ယမန်နှစ်ကာလတူထက် ၄၃.၁ ရာခိုင်နှုန်း တိုးတက်လာ
သတင်း > အကြောင်းအရာ

ယခုနှစ် ပထမ ၅ လအတွင်း ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏ ယမန်နှစ်ကာလတူထက် ၄၃.၁ ရာခိုင်နှုန်း တိုးတက်လာ

云南网|
分享到Facebook

ကူမင်းအကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ယခုနှစ် ပထမ ၅ လအတွင်း ယူနန်ပြည်နယ်၏ မြန်မာနိုင်ငံနှင့် သွင်းကုန်ထုတ်ကုန် ကုန်သွယ်မှုပမာဏမှာ ယွမ် ၂၈.၆၄ ဘီလီယံ ရှိပြီး ယမန်နှစ်ကာလတူထက် ၄၃.၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ယင်းပမာဏသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပမာဏစုစုပေါင်း၏ ၄၂.၆ ရာခိုင်နှုန်းကို  ရှိနေသဖြင့် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်သည့် ပြည်နယ်အဖြစ် ခိုင်မာစွာ ရပ်တည်နေပြီး နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုမှာလည်း ကြံ့ခိုင်မှု အပြည့်ရှိနေကြောင်း သိရသည်။

သွင်းကုန်ကဏ္ဍတွင် အကောက်ခွန်ဝန်ထမ်းများသည် တင်သွင်းလာသော သံသတ္တုရိုင်းများအပေါ် “အရင်လွှတ်၊ နောက်မှစစ်ဆေး”သည့် ကြီးကြပ်ကွပ်ကဲမှုစနစ်ကို ကျင့်သုံးပြီး ရေဒီယိုသတ္တိကြွမှုနှင့် အစိုင်အခဲစွန့်ပစ်ပစ္စည်းများ အယောင်ဆောင်သွင်းယူမှု စသည့် ဘေးအန္တရာယ်များကို တင်းကျပ်စွာ ထိန်းချုပ်နိုင်သည့် အခြေခံပေါ်မှ အကောက်ခွန်ရှင်းလင်းရေး ထိရောက်မှုကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ ရွှေလီမြို့ ကျုန်ကျင်းချီထိုက် (Zhongjin Qitai) ကုန်သွယ်ရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ လင်းချင်းမုံ က “ကြိုတင် အကောက်ခွန်ကြေညာစနစ်ကြောင့် ကုန်ပစ္စည်းတွေ ရောက်ရှိတာနဲ့ ချက်ချင်းအစစ်ဆေးခံနိုင်ပြီး ကုန်စည်လည်ပတ်စီးဆင်းမှုနှုန်း သိသိသာသာ မြန်ဆန်လာပါတယ်”ဟု ပြောကြားခဲ့သည်။ ကြီးကြပ်ကွပ်ကဲမှုစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်လိုက်ခြင်းကြောင့် ယခုနှစ် ပထမ ၅ လအတွင်း ရွှေလီနယ်စပ်ဂိတ်မှ သတ္တုတွင်းထွက်ပစ္စည်း တင်သွင်းမှုပမာဏမှာ ယမန်နှစ်ကာလတူထက် သိသိသာသာ တိုးတက်လာခဲ့သည်။

ပို့ကုန်ကဏ္ဍတွင် တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များသည် အင်ဂျင်ပါဝါသေးငယ်ခြင်း၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်းနှင့် အပူပိုင်းရာသီဥတုနှင့် သင့်လျော်ခြင်း စသည့် အားသာချက်များကြောင့် မြန်မာနိုင်ငံသို့ တင်ပို့ရာတွင် ထူးခြားသည့် အချက်အချာသစ်တစ်ခု ဖြစ်လာခဲ့သည်။ ယူနန်ရင်ရှန်း (Yinxiang) မော်တော်ဆိုင်ကယ်ကုမ္ပဏီ၏ ဒုတိယအထွေထွေမန်နေဂျာ ဖန်းဝေ က ကုမ္ပဏီအနေဖြင့် အရှေ့တောင်အာရှ၏ ပူပြင်းစိုစွတ်သော ရာသီဥတုအခြေအနေကို အခြေခံ၍ သံချေးတက်ခြင်းဆန့်ကျင်မှုနှင့် အပူလျှော့ချနိုင်စွမ်းတို့ကို မြှင့်တင်ပေးခဲ့ပြီး အခွင့်အရေးကို လက်လွတ်မခံဘဲ စွမ်းအင်သစ်သုံး လျှပ်စစ်ကားလုပ်ငန်းကို တိုးချဲ့ခဲ့ရာ လက်ရှိတွင် အော်ဒါမှာယူမှုများ ပြည့်နှက်နေကြောင်း ပြောကြားခဲ့သည်။ မော်တော်ဆိုင်ကယ် အမျိုးအစားစုံလင်ပြီး ရွှေ့ပြောင်းရန် ခက်ခဲသော ဝိသေသလက္ခဏာများနှင့် ကိုက်ညီစေရန်အတွက် ရွှေလီအကောက်ခွန်ဌာနသည် လုပ်ငန်းရှင်များအား မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများနှင့် မော်တော်ယာဉ်အမှတ်အသားများကို စနစ်တကျဖြစ်စေရန် လမ်းညွှန်ပေးခဲ့ပြီး စစ်ဆေးရေးကြာချိန်ကို ထိရောက်စွာ လျှော့ချပေးခဲ့သည်။ စာရင်းဇယားများအရ ပထမ ၅ လအတွင်း ရွှေလီနယ်စပ်ဂိတ်မှ မော်တော်ဆိုင်ကယ် အစီးရေ ၈ သောင်း ၄ ထောင် တင်ပို့နိုင်ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုး ယွမ် ၂၄၀ မီလီယံ ရှိကာ ယမန်နှစ်ကာလတူထက် ၁၄ ဆ နှင့် ၁၈ ဆ အသီးသီး တိုးတက်လာခဲ့သဖြင့် စက်မှုလျှပ်စစ်ထုတ်ကုန်များ ပို့ကုန်တိုးတက်မှုအတွက် အရေးပါသော မောင်းနှင်အားတစ်ခု ဖြစ်လာခဲ့သည်။