中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း အစဉ်အမြဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ အပြန်အလှန်ဖေးမကူညီခဲ့ကြောင်း ရှီကျင့်ဖျင် ဆို
News Focus > အကြောင်းအရာ

တရုတ်မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း အစဉ်အမြဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ အပြန်အလှန်ဖေးမကူညီခဲ့ကြောင်း ရှီကျင့်ဖျင် ဆို

CRI|
分享到Facebook

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌  တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းလှကြောင်း၊ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း အစဉ်အမြဲ တစ်လှေတည်းစီး တစ်ခရီးတည်း သွား၍ အပြန်အလှန်ဖေးမကူညီခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးရပ်ကို အတူတကွ အဆိုပြု၍ လက်တွေ့ကျင့်သုံးခဲ့ပြီး နိုင်ငံ အချင်းချင်း တန်းတူရည်တူ ဆက်ဆံရေးနှင့် အကျိုးတူ ဖြစ်ထွန်းစေရေးတို့တွင် စံနမူနာကောင်း ထူထောင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာ ဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း အယူအဆကို လက်ကိုင် စွဲ၍ မြန်မာနိုင်ငံနှင့်ဆက်ဆံရေး တိုးမြှင့်မှုကို အိမ်နီးနားချင်း သံတမန်ရေးရာတွင် အရေးကြီးသော နေရာ၌ ထားရှိကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေး အား ဝင်ရောက်မစွက်ဖက်ရေး အခြေခံမူကို လက်ကိုင်စွဲထားပြီး မြန်မာနိုင်ငံ အပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူ တစ်ရပ်လုံးကို ဦးတည်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ် စောင့်ရှောက်ခြင်းအား အခိုင်အမာ ထောက်ခံပြီး မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးကို ဘက်စုံစီမံ ဆောင်ရွက်ခြင်း၊ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီပြီး ပြည်သူများ ထောက်ခံအားပေးသော မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေခြင်းအား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်ကလည်း   မိမိ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင် မြှောက် ခံရပြီးနောက် နာရီပိုင်း အတွင်းမှာပဲ  သမ္မတကြီး ရှီကျင့်ဖျင်ထံမှ ဝမ်းမြောက် ကြောင်း သဝဏ်လွှာကို ပထမဆုံး လက်ခံရရှိခဲ့ကြောင်း၊ ယင်းသည်   တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ အစိုးရသစ်ပေါ်မှာ အလေးထားမှုနဲ့    နှစ်ဦးကြား  ခင်မင်ရင်းနှီးမှုကိုလည်း ပြသနေ ကြောင်း၊  ယခုအကြိမ်  တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်မှုဟာ ၁၃ကြိမ်မြောက် တရုတ်ပြည် ခရီးစဉ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ် အေးချမ်းမှုနှင့် အတူယှဉ်တွဲ နေထိုင် နိုင်ပါစေဟု အခိုင်အမာပြောကြားလိုကြောင်း ပြောကြားခဲ့ပါသည်။