中文 English {{ activeLangText || 'Languages' }} {{ item.text }}
ဆန်းသစ်တီထွင်မှုသို့ ဦးတည်လှမ်းချီနေသည့် တရုတ် နိုင်ငံသည် "တရုတ် အခွင့်အလမ်း 2.0"ကို ဖန်တီးပေး
သတင်း > အကြောင်းအရာ

ဆန်းသစ်တီထွင်မှုသို့ ဦးတည်လှမ်းချီနေသည့် တရုတ် နိုင်ငံသည် "တရုတ် အခွင့်အလမ်း 2.0"ကို ဖန်တီးပေး

CRI|
分享到Facebook

မကြာခင်က အမေရိကန် Bloomberg သတင်းဌာနနှင့် အခြား  မီဒီယာများက တရုတ်ပြည်၏ ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် "ပုံတူပွားယူ နိုင်သော စနစ် တစ်ခု"ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ်တွင် ခေတ်မီပြီး ခေတ်ရှေ့ပြေးသော မော်ဒယ်ကို ထုတ်လုပ်နိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ယင်းသည် လူသားများအတွက် "တရုတ် အခွင့်အလမ်း 2.0"ကို လေ့လာအကဲဖြတ်ရန် ရှုထောင့် တစ်ခုကို ပံ့ပိုးပေးနေသည်။ တရုတ် ဉာဏ်ရည်တု နည်းပညာသည် ကဏ္ဍများစွာတွင် ထိုးဖောက် အောင်မြင်ကျော်လွှား သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေသည့်အလားအလာကို ပြသနေသည်။ ယင်းသည် တရုတ် နိုင်ငံ၏ "အတိုင်းအတာ ကြီးမားသော ဆန်းသစ်တီထွင်မှု"၏ ပုံရိပ်ငယ်ဖြစ်သည်။ ဆန်းသစ် တီထွင်မှုသည်  တစ်နေရာတည်းတွင်  တိုးတက်မှု ရရှိနေခြင်းသာ မကဘဲ ပုံတူပွားယူနိုင်ခြင်း၊ မိတ်ဆက်ဖြန့်ချိနိုင်ခြင်းနှင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ခြင်း စသည့် စနစ်တကျရှိသည့် စွမ်းဆောင်ရည်များ ရရှိရန် ဖြစ်သည်။

        လက်ရှိတွင် "အတိုင်းအတာ ကြီးမားသော ဆန်းသစ်တီထွင်မှု"သည် ကမ္ဘာလုံး ဆိုင်ရာ စက်မှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုတွင် လူအများက အာရုံစူးစိုက်ကြသည့် အချက် ဖြစ်လာပြီ ဖြစ်သည်။ တရုတ် နိုင်ငံသည် အလွန်ကြီးမားသော ဈေးကွက်၊ ပြည့်စုံသော စက်မှုလုပ်ငန်း စနစ်၊ ထိရောက်မှု ရှိသော လက်တွေ့ အသုံးချနိုင်စွမ်းနှင့် ပွင့်လင်းမြင်သာမှု ရှိသော ပူးပေါင်းဆောင်ရွက်မှုများကို အမှီပြုပြီး ကမ္ဘာကြီး အတွက် အဖိုးတန်သော အသိ ဉာဏ် အလင်းကို ပံ့ပိုးပေးနေသည်။ Nature Indexမှ နောက်ဆုံး ထုတ်ပြန်ခဲ့သော အမည်စာရင်းတွင် ၂၀၂၅ခုနှစ် တစ်နှစ်ပတ်လုံး စာရင်းများအရ တရုတ် နိုင်ငံ၏ သိပ္ပံပညာ သုတေသန  အကျိုးပြု စွမ်းဆောင်မှု ဆိုင်ရာ ဝေစု သည် ၅၂၇၃၅.၁၇ ရှိပြီး ကမ္ဘာပေါ်တွင် ပထမနေရာ၌ ရပ်တည်နေကြောင်း  ရေးသားဖော်ပြထားသည်။

တောင်ကိုရီးယား   အာရှ သတင်းဌာန (Asia News Agency) မှ မကြာခင်က သတင်း ထုတ်ပြန်ချက်အရ တရုတ်ပြည်၏ အားကောင်းသော ကုန်ထုတ်စွမ်းအား၊ စဉ်ဆက်မပြတ် ပေါ်ထွက်လာသော နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ဆက်တိုက် တိုးချဲ့ကျင့်သုံးလာသော တံခါးဖွင့်မှု ဆောင်ရွက်ချက်များသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသွင် ကူးပြောင်း မှုနှင့် အဆင့်မြှင့်တင်မှုကို တွန်းအားပေးသည့် အပြင်၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် အလားအလာသစ်များကိုလည်း ဖန်တီးပေးနေကြောင်း  ရေးသားဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် ရေပန်းစားနေသည့် "ဆန်းသစ်တီထွင်မှု အကျိုး အမြတ်"များသည်  "တရုတ် အခွင့်အလမ်း 2.0"ကို ဖော်ပြနိုင်သည်။

 ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းများ ပြန်လည်ပုံ‌ဖော်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် တရုတ်ပြည်၏ ဆန်းသစ်တီထွင်မှုသည်  ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းရေး အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးနေသည်။ ပို၍အဖိုးတန်သည်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ ဦးမော့ လာနေသော လက်ရှိ အခြေအနေမျိုးတွင် တရုတ် နိုင်ငံသည် တံခါးဖွင့်မှုနှင့် ဘက်ပေါင်းစုံ ပါဝင်မှုများကို စွဲကိုင်ထားပြီး နိုင်ငံ အသီးသီးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဆန်းသစ် တီထွင်မှု ဂေဟစနစ်ကို လက်တွဲ တည်ဆောက်နေခြင်းဖြစ်သည်။

တရုတ် ဆန်းသစ်တီထွင်မှုသည် ကမ္ဘာကြီး အတွက်  ရိုက်ခတ်မှု မဟုတ်ဘဲ အခွင့် အလမ်းသာ ဖြစ်သည်။ တရုတ် နိုင်ငံသည် နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ဂေဟစနစ်တွင် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး ဆန်းသစ်တီထွင်မှု အကျိုးအမြတ်များကို အဆက်မပြတ် ဖော်‌ဆောင်ကာ "တရုတ် အခွင့်အလမ်း 2.0"ဖြင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပိုမို များပြားသော စွမ်းအားသစ်များကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။