ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ ပထမဆုံး ငါးနှစ်စီမံကိန်းသည် အရေးပါသော အဓိပ္ပါယ်ရှိပြီး "တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး" မူဝါဒ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု စာမျက်နှာသစ် ထပ်မံဖွင့်လှစ်
CRI|
စက်တင်ဘာလ ၁၆ ရက်နေ့တွင် အများပြည်သူ အထူးအာရုံစိုက်မှုနှင့် မျှော်လင့်ချက်များ ရှိနေခဲ့သည့် "ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ပထမဆုံး ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀)"ကို တရားဝင် ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး၏ ၂၀၂၆ ခုနှစ် အုပ်ချုပ်မှုဆိုင်ရာ အစီရင်ခံစာကို တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့သည်။ ယင်းသည် ဟောင်ကောင် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သစ် အတွက် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်၏ "၁၅ ကြိမ်မြောက် ငါးနှစ်" စီမံကိန်းနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ချိတ်ဆက်ရန် ဆောင်ရွက်သည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ ပထမဆုံး ငါးနှစ်စီမံကိန်း၏ ဦးဆောင်မှုအောက်တွင် ဟောင်ကောင်သည် "ရှုပ်ထွေးမှုမှ စနစ်တကျဖြစ်မှုသို့" ထိုမှ "တည်ငြိမ်မှုမှ ဖွံ့ဖြိုးတိုးတက်မှုသို့" ဆက်လက် လျှောက်လှမ်းသွားသည့် လုပ်ငန်းစဉ်ကို ပိုမို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး "တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး" မူဝါဒ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စာမျက်နှာသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။