
သမ္မတရှီကျင့်ဖျင်က "စားနပ်ရိက္ခာလုံခြုံရေး ပြဿနာနှင့် ပတ်သက်၍ နည်းနည်းမျှ ပေါ့ဆ၍ မရကြောင်း၊ စက်မှုထွန်းကားသည့် ခေတ်သို့ ရောက်ရှိလာပြီဖြစ်၍ စားနပ်ရိက္ခာ ပြဿနာမှာ ရှိရှိ မရှိရှိ ပြဿနာမရှိဟု မတွေးသင့်သလို၊ နိုင်ငံတကာ ဈေးကွက်ကို အားကိုး၍ ဖြေရှင်းရန်လည်း မျှော်လင့်၍ မရကြောင်း၊ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရမည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံရေးဟူသော သတိတရားကို အစဉ်အမြဲ တင်းကျပ်ထားရမည်" ဟု အလေးပေး ပြောကြားခဲ့သည်။ ယခုနှစ်မှစ၍ တရုတ်နိုင်ငံသည် အမျိုးသား စားနပ်ရိက္ခာလုံခြုံရေး မဟာဗျူဟာကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ခဲ့ပြီး "စိုက်ပျိုးမြေတွင် စားနပ်ရိက္ခာသိုလှောင်ခြင်း၊ နည်းပညာတွင် စားနပ်ရိက္ခာသိုလှောင်ခြင်း" ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ခဲ့သည်။ နွေရာသီ စားနပ်ရိက္ခာ ထုတ်လုပ်မှုတွင် ပထမအကြိမ် အောင်ပွဲဆင်နိုင်ခဲ့ပြီး တစ်နှစ်ပတ်လုံး ရိက္ခာ ရိတ်သိမ်း ထွက်ရှိမှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သည်။