中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်အသွင်ပုံစံခေတ်မီရေး၏ သော့ချက်မှာ သိပ္ပံနည်းပညာခေတ်မီရေးပင်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် က ပြောကြား
News Focus > အကြောင်းအရာ

တရုတ်အသွင်ပုံစံခေတ်မီရေး၏ သော့ချက်မှာ သိပ္ပံနည်းပညာခေတ်မီရေးပင်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် က ပြောကြား

CRI|
分享到Facebook

တရုတ်အသွင်ပုံစံခေတ်မီရေး၏ သော့ချက်မှာ သိပ္ပံနည်းပညာခေတ်မီရေးပင် ဖြစ်သည်။ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အကောက်အထည်ဖော်သည့်အချိန်ကာလတွင် သိပ္ပံနည်းပညာဖြင့် အင်အားတောင့်တင်းသောနိုင်ငံကို တည်ဆောက်ရန် သော့ချက်ကျသည့် အချိန်ကာလဖြစ်သည်။ ယခုနှစ်အတွင်းတွင် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်အကောက်အထည်ဖော်ခြင်းကို အဓိကထားပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် သည် သိပ္ပံနည်းပညာတီထွင်ဆန်းသစ်ရေးနှင့် ပတ်သက်ပြီး အရေးကြီးသော ဆုံးဖြတ်ချက်နှင့် စီမံချက်များကို ချမှတ်ခဲ့ရာ အဆင့်မြင့်သိပ္ပံနည်းပညာဖြင့် ကိုယ့်အားကိုယ်ကိုးရပ်တည်ခြင်းကို အရှိန်အဟုန် မြင့်တင်ဆောင်ရွက်လျက်ရှိသည်။

၂၀၃၅ ခုနှစ်မတိုင်မီတွင် အဆင့်မြင့်သိပ္ပံနည်းပညာဖြင့် ကိုယ့်အားကိုယ်ကိုးရပ်တည်ပြီး သိပ္ပံနည်းပညာအင်အားတောင့်တင်းသောနိုင်ငံကို တည်ဆောက်ပြီးစီးရန် အကောင်အထည်ဖော်ခြင်းမှာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် သတ်မှတ်ထားသော မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်သည်။ ယခု သိပ္ပံနည်းပညာအင်အားဖြင့် တောင့်တင်းသောနိုင်ငံကို တည်ဆောက်ရန် ၉ နှစ်သာ အချိန်ကျန်ရှိနေပြီး တရုတ်အသွင်ပုံစံခေတ်မီရေးကို တွန်းအားပေးရန် သိပ္ပံနည်းပညာတီထွင်ဆန်းသစ်ရေးဖြင့် အရေးကြီးသော ကျားကန်ပေးမှုနှင့် ဦးဆောင်မှုအဖြစ် ထားရမည် ဖြစ်သည်။