"Dear You" ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ပြသမှုကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ
CRI|

ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ "Dear You" ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ပြသမှုကို ကျင်းပခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်ကားကို ဩဂုတ်လ ၇ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည် ဖြစ်သည်။
မကြာသေးမီက "Dear You" ရုပ်ရှင်ဇာတ်ကားကို စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ နှင့် ဖိလစ်ပိုင်အပါအဝင် ပြည်ပဈေးကွက်များစွာတွင် ရုံတင်ပြသခဲ့ကြောင်း၊ ယခုအချိန်တွင် ပြည်ပလက်မှတ်ရောင်းချမှုများ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး နှလုံးသား၌ နွေးထွေးဖွယ်ကောင်းသော ပြည်တွင်းဇာတ်ကားသည် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ အောင်မြင်စွာ တက်လာစေခဲ့ကြောင်း သတင်းအရ သိရှိရသည်။