လန်ချန်မြစ် ကမ်းခြေတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့မှ ဥပဒေကျင့်သုံးရေးဝန်ထမ်းများသည် "အလင်းနှင့် အရိပ်၏ ချိန်းဆိုချက်"တစ်ခုသို့ အတူတက်လှမ်းကြ
CRI|

ယခုလ ၁၇ရက်နေ့က တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄နိုင်ငံတို့မှ မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေးနှင့် ဥပဒေ ကျင့်သုံးရေး ဝန်ထမ်းများ အတွက် "ပြင်ပရုပ်ရှင်ရုံ"၏ သီးသန့် ရှုပ်ရှင် ပြသမှုကို ယူနန် ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခွဲ ကျင်ဟုန်မြို့ရှိ ကျင်ဟာ ရဲတပ်ဖွဲ့ ဆိပ်ကမ်းတွင် ကျင်းပခဲ့ကြောင်း၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄နိုင်ငံတို့မှ မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေးနှင့် ဥပဒေ ကျင့်သုံးရေးတွင် ပါဝင်ကြသည့် ဝန်ထမ်း ၂၀၀ နီးပါးတို့သည် လန်ချန်မြစ် ကမ်းခြေတွင် စုစည်းပြီး မှတ်တမ်း တင် ရုပ်ရှင် “ရှင်ကျိုး-13”ကို အတူတကွ ကြည့်ရှုခဲ့ကြကြောင်း သတင်းအရ သိရသည်။

ယခုအကြိမ် ရုပ်ရှင် ပြသမှုကို China Media Group အာရှ-အာဖရိက ဘာသာ အစီအစဉ်များ စင်တာ၊ China Media Group ယူနန် ဌာနခွဲနှင့် ယူနန် ပြည်နယ် ပြည်သူ့ လုံခြုံရေး ဦးစီးဌာနတို့မှ ပူးပေါင်း ဦးစီး ကျင်းပခဲ့ကြခြင်း ဖြစ်ပြီး China Media Group ၏ "ပြင်ပရုပ်ရှင်ရုံ" လူသိရှင်ကြား ရုပ်ရှင်ပြသရေး လှုပ်ရှားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများတွင် လှုပ်ရှားမှု တစ်ခု အပါအဝင် ဖြစ်ကာ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့မှ မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေးနှင့် ဥပဒေ ကျင့်သုံးရေး ဝန်ထမ်းများ အတွက် ကျင်းပသော ပထမဆုံး အကြိမ် သီးသန့် ရုပ်ရှင် ပြသမှုလည်း ဖြစ်ကြောင်း သိရသည်။
