中文 English {{ activeLangText || 'Languages' }} {{ item.text }}
​"လန်ချန်း-မဲခေါင် မြစ်ဝှမ်း ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို တွန်းအားပေး၍ စိမ်းလန်းသော အသွင်ကူးပြောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း" သင်တန်းစီမံကိန်းကို ကူမင်းမြို့၌ စတင်ခဲ့
သတင်း > အကြောင်းအရာ

​"လန်ချန်း-မဲခေါင် မြစ်ဝှမ်း ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို တွန်းအားပေး၍ စိမ်းလန်းသော အသွင်ကူးပြောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း" သင်တန်းစီမံကိန်းကို ကူမင်းမြို့၌ စတင်ခဲ့

澜湄合作|
分享到Facebook

စက်တင်ဘာလ ၁၄ ရက်တွင် "လန်ချန်း-မဲခေါင် မြစ်ဝှမ်း ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို တွန်းအားပေး၍ စိမ်းလန်းသော အသွင်ကူးပြောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း" သင်တန်း စီမံကိန်းကို ကူမင်းမြို့၌ စတင်ခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ မူဝါဒ ချမှတ်သူများ၊ သုတေသီများနှင့် လက်တွေ့ဆောင်ရွက်သူများသည် အတူတကွ စုစည်းရောက်ရှိခဲ့ပြီး ၁၀ ရက်ကြာ ကူးလူးဖလှယ်လေ့လာရေးကို စတင်ခဲ့ကြသည်။  

​ယခုအကြိမ် သင်တန်းစီမံကိန်းသည် လန်ချန်း-မဲခေါင် နိုင်ငံအသီးသီးမှ သက်ဆိုင်ရာ ဝန်ထမ်းများ၏ ဂေဟယဉ်ကျေးမှု တည်ဆောက်ရေးပညာရပ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်၊ ၆ နိုင်ငံ မူဝါဒ ချမှတ်သူများ၊ သိပ္ပံနည်းကျ သုတေသီများ၊ လုပ်ငန်းခွင် ပါဝင်ဆောင်ရွက်သူများအတွက် ဆွေးနွေးတိုင်ပင်ရေး ပလက်ဖောင်းကို တည်ဆောက်ပေးရန်နှင့် ဒေသတွင်း ဂေဟနှင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး အခြေခံကို ခိုင်မာစေရန် ရည်ရွယ်သည်။ ယူနန်သည် လန်ချန်းမြစ်-မဲခေါင်မြစ်၏ အထက်ပိုင်း၌ တည်ရှိပြီး တရုတ်နိုင်ငံမှ တောင်အာရှ၊ အရှေ့တောင်အာရှသို့ မျက်နှာမူသော တံခါးဖွင့် ရှေ့တန်းမျက်နှာစာဖြစ်ကာ ဇီဝမျိုးစုံမျိုးကွဲ သယံဇာတများ ကြွယ်ဝစွာ တည်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်တောပြန်လည်ပြုပြင်ရေး၊ ဂေဟထုတ်ကုန်များ၏ တန်ဖိုးဖော်ထုတ်နိုင်ရေး စသည့်ဘက်များ၌ လက်တွေ့အတွေ့အကြုံများစွာ စုဆောင်းထားရှိရာ လန်ချန်း-မဲခေါင် ဂေဟကူးလူးဖလှယ်မှုနှင့် အပြန်အလှန်အတုယူမှုများအတွက် အရေးပါသော ပလက်ဖောင်းကို ထောက်ပံ့ပေးထားသည်။  

​သင်တန်းသည် "စိမ်းလန်းသာယာသောတောင်နှင့် ကြည်လင်သောရေသည် ရွှေတောင် ငွေတောင် ဖြစ်သည်" ဟူသောအယူအဆ၊ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲလမ်းကြောင်းတည်ဆောက်ရေး၊ "ကာဗွန်နှစ်ရပ်ဆိုင်ရာ" ရည်မှန်းချက်များဖြစ်သည့် “ကာဗွန်အထွတ်အထိပ်သို့ ရောက်ရှိရေးနှင့် ကာဗွန်ကင်းစင်ရေး” နှင့် ဒေသတွင်း ရာသီဥတုပြောင်းလဲမှု၊ လန်ချန်း-မဲခေါင် နယ်စပ်ဖြတ်ကျော် ရေသယံဇာတပူးပေါင်းဆောင်ရွက်ရေး၊ ဂေဟစနစ်ထုတ်ကုန်များ၏ တန်ဖိုးဖော်ထုတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းကြီး ၃ ရပ် ပေါင်းစပ်ရေး စသည့်အဓိက အကြောင်းအရာများကို ဗဟိုပြု၍ ပညာရှင်များ၏ သင်ကြားပို့ချခြင်းများ၊ ကွင်းဆင်းလေ့လာမှုများ၊ ကူးလူးဖလှယ်ဆွေးနွေးမှုများ စသည့်ပုံစံများမှတစ်ဆင့် လေ့လာရေးကို ဆောင်ရွက်ခဲ့ပြီး လန်ချန်း-မဲခေါင် ၆ နိုင်ငံတို့၏ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး၊ စိမ်းလန်းသော အသွင်ကူးပြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရေးစသည့်နယ်ပယ်များ၌ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ဆက်လက်တွန်းအားပေးခဲ့သည်။  

​သင်တန်းကာလအတွင်း သင်တန်းသားများသည် ဖူအော်မြို့၊ စစ်ဆောင်ပန်းနား တိုင်(ရှမ်း)တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ စသည့်ဒေသများရှိ စံနမူနာပြ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးနှင့် စိမ်းလန်းသော အသွင်ကူးပြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကွင်းဆင်းနေရာများသို့ သွားရောက်၍ လေ့လာကြည့်ရှုမည်ဖြစ်သည်။