中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယခုနှစ် ပထမခြောက်လပတ်အတွင်း ယူနန်ပြည်နယ်၏ လတ်ဆတ်ဒူးရင်းသီး တင်သွင်းမှု ပမာဏ တန်ချိန် သုံးသိန်းကျော် ရှိခဲ့
သတင်း > အကြောင်းအရာ

ယခုနှစ် ပထမခြောက်လပတ်အတွင်း ယူနန်ပြည်နယ်၏ လတ်ဆတ်ဒူးရင်းသီး တင်သွင်းမှု ပမာဏ တန်ချိန် သုံးသိန်းကျော် ရှိခဲ့

人民网|
分享到Facebook

ယခုနှစ် ပထမခြောက်လပတ်အတွင်း ယူနန်ပြည်နယ်သည် လတ်ဆတ်ဒူးရင်းသီး တန်ချိန် ၃၁၉,၀၀၀ တင်သွင်းခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုး ယွမ် ၉.၆၅ ဘီလီယံရှိခဲ့ရာ ယမန်နှစ် တူညီသောကာလထက် ၅၈.၂ ရာခိုင်နှုန်းနှင့် ၄၆.၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ တင်သွင်းမှု ပမာဏနှင့် တန်ဖိုးတို့မှာ တရုတ်တစ်နိုင်ငံလုံးတွင် ပထမနေရာ၌ ရပ်တည်နေပြီး တစ်နိုင်ငံလုံး စုစုပေါင်း တင်သွင်းမှု၏ သုံးပုံတစ်ပုံနီးပါး ပါဝင်နေသည်။

လက်ရှိတွင် အရှေ့တောင်အာရှ ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိသော ရာသီဖြစ်ရာ အသစ်ဆွတ်ခူးထားသော ဒူးရင်းသီး အမြောက်အမြားသည် တရုတ်-လာအို ရထားလမ်း "လန်ချန်း-မဲခေါင် အမြန်ရထား" အပြည်ပြည်ဆိုင်ရာ အအေးခန်း ကုန်စည်ရထားများဖြင့် မိုးဟန်ရထားလမ်း နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လျက်ရှိသည်။ တရုတ်-လာအို ရထားလမ်းနှင့် အနောက်ဘက် ကုန်းပြင်မြင့်-ပင်လယ်ရေကြောင်း လမ်းကြောင်းသစ်တို့၏ ချိတ်ဆက်ပို့ဆောင်မှု နှင့် ဘက်စုံသယ်ယူပို့ဆောင်ရေး အားသာချက်များကြောင့် ဒူးရင်းသီးများကို ကွန်းမင်၊ ချုံချင့်၊ ချင်းတူး စသည့် တရုတ်နိုင်ငံတွင်း ဒူးရင်းသီး အရောင်းအဝယ် စျေးကွက်များသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်ခဲ့သည်။ "ကျနော်တို့ ကုမ္ပဏီက ထိုင်းလတ်ဆတ်ဒူးရင်းသီးတွေကို အဓိက တင်သွင်းတာပါ။ ထိုင်းနိုင်ငံ နောင်ခိုင်မှာ အအေးခန်း ကွန်တိန်နာထဲ တင်ဆောင်ပြီးရင် ၂၄ နာရီအတွင်း မိုးဟန်ကို ရောက်ရှိနိုင်တာကြောင့် အသီးအနှံ ပျက်စီးဆုံးရှုံးမှုနှုန်းကို အထူးလျှော့ချနိုင်ခဲ့ပါတယ်။ ယခုနှစ် တင်သွင်းတဲ့ ဒူးရင်းသီးရဲ့ စျေးကွက်ရောင်းစျေးဟာ ပြီးခဲ့တဲ့နှစ် တူညီတဲ့ကာလထက် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတာမို့ အရောင်းပမာဏလည်း မှန်မှန် တိုးတက်လာပါတယ်" ဟု ​ရှန်ကျန်း ဖန်ထိုင် လတ်ဆတ်ဆန်းသစ်သော စားသောက်ကုန် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် ကုမ္ပဏီမှ တာဝန်ရှိသူ လင်းဟန် က ပြောကြားခဲ့သည်။

ယူနန်ပြည်နယ်သည် ထိုင်း၊ ဗီယက်နမ် စသည့် ဒူးရင်းသီး အဓိကထွက်ရှိရာ နိုင်ငံများနှင့် ပထဝီဝင်အနေအထား နီးကပ်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး အပြန်အလှန် ကူးလူးဆက်ဆံမှု အဆင်ပြေလှသည်။ တရုတ်-လာအို ရထားလမ်း၊ ကွန်းမင်-ဘန်ကောက် ကားလမ်း၊ လန်ချန်း-မဲခေါင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလိုင်းနှင့် ကွန်းမင် ချန်ရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ် စသည့် သယ်ယူပို့ဆောင်ရေး ဗဟိုချက်များကို အခြေပြု၍ "ရထား၊ ကား၊ ရေကြောင်း၊ လေကြောင်း" ပေါင်းစပ် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုကို တည်ဆောက်ထားသည်။ လက်ရှိတွင် တစ်ပြည်နယ်လုံး၌ ဗီယက်နမ်၊ လာအို၊ မြန်မာ နယ်စပ်ကုန်းလမ်းဂိတ်များနှင့် လေဆိပ်၊ ရေဆိပ် အပါအဝင် အသီးအနှံ တင်သွင်းရန် သတ်မှတ်စစ်ဆေးရေးစခန်း ၁၃ ခု ရှိနေပြီ ဖြစ်သည်။

လတ်ဆတ်ဒူးရင်းသီး စသည့် အပူပိုင်းသီးနှံများ၏ လတ်ဆတ်မှု ထိန်းသိမ်းချိန် တိုတောင်းခြင်းနှင့် အကောက်ခွန်ဖြတ်သန်းစစ်ဆေးမှု လျင်မြန်ရန် လိုအပ်ခြင်းတို့အတွက် ကူမင်း အကောက်ခွန်သည်  စမတ်အကောက်ခွန်တည်ဆောက်ရေးကို ဆက်လက် နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ ပထမခြောက်လပတ်အတွင်း တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တင်သွင်းခဲ့သော လတ်ဆတ်ဒူးရင်းသီး တန်ချိန် ၁၃၀၀၀၀ အထိ ရှိခဲ့ပြီး ၃၉.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ လတ်ဆတ်သီးနှံများ တရုတ်နိုင်ငံသို့ တင်သွင်းရာ အဓိက ကုန်းလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။