中文 English {{ activeLangText || 'Languages' }} {{ item.text }}
"China Cool"သည် ပြည်ပတွင် ရေပန်းစားလာပြီး တရုတ်နိုင်ငံသို့ ခရီးသွားခြင်းသည် ဆက်တိုက် မြင့်တက်လာ
သတင်း > အကြောင်းအရာ

"China Cool"သည် ပြည်ပတွင် ရေပန်းစားလာပြီး တရုတ်နိုင်ငံသို့ ခရီးသွားခြင်းသည် ဆက်တိုက် မြင့်တက်လာ

CRI|
分享到Facebook

ယခုနှစ် ‌‌နွေရာသီတွင် "China Cool"သည် ပြည်ပ လူမှုကွန်ရက် စာမျက်နှာများပေါ် တွင် ရေပန်းစားလာသော စကားလုံး ဖြစ်လာပြီး၊ ယင်းသည် ယခုနှစ် နွေရာသီတွင် ပြည်ပ ခရီးသည်များ အပူဒဏ် ရှောင်ရန် အတွက် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်မှု မြင့်တက်လာခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ် နိုင်ငံ၌ နိုင်ငံခြား ခရီးသည် များ၏ ခရီးလှည့်လည်ရေး ပုံစံသည် အပေါ်ယံ ကြည့်ရုံမျှသာ အဆင့်မှသည် နက်ရှိုင်းသော အတွေ့အကြုံများ ထိတွေ့ခံစားခြင်းဆီသို့ ပြောင်းလဲလာနေပြီး ၎င်းတို့သည် ခရီးသွား နေရာများကို ဓာတ်ပုံရိုက် "Check-in" ဝင်ရုံမျှဖြင့် မတင်းတိမ်ကြတော့ဘဲ "တရုတ်လူမျိုး တစ်ယောက် ကဲ့သို့ နေထိုင်သွားလာရန်" ခရီးလှည့်လည်ရေး ပုံစံ အဖြစ် ပြောင်လဲလာကြ သည်။ တရုတ် နိုင်ငံသို့ ခရီးလှည့်လည်ခြင်းသည် ဆက်တိုက်မြင့်တက် လာနေသည်။ တရုတ် နိုင်ငံ နေရာဒေသ အသီးသီးတို့သည် မိမိဒေသများ၏ ကိုယ်စီပိုင်ဆိုင်ထားသော ဝိသေသ လက္ခဏာ ပါရှိသော ထူးခြားချက်များဖြင့် နိုင်ငံခြား ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။ ဥပမာ ပြောရလျှင် ဟူနန် ပြည်နယ် ကျန်းကျားကျဲ့ သည် လှပသော တောတောင်ရေမြေများ၊ အေးမြသော ရာသီဥတုနှင့် ပေါကြွယ်ဝသော ပြင်ပလှုပ်ရှားမှု အစီအစဉ်များရှိသည့် အတွက် နိုင်ငံခြား ခရီးသည်များ အနေနှင့် အပူဒဏ် ရှောင်ရန်နှင့် အပန်းဖြေရန် အတွက် ကြိုက်နှစ်သက်သည့် ရွေးချယ်မှု ဖြစ်လာသည်။ သက်ဆိုင်ရာ စာရင်း အရ ယခုနှစ် ဇူလိုင်လ မှစ၍ နေ့စဉ် ပျမ်းမျှအားဖြင့် ကျန်းကျားကျဲ့ လျှိုမြောင် ရှုခင်းသာ နေရာသို့ သွားရောက်သည့် ခရီသည် ဦးရေမှာ ၁သောင်း နီးပါးရှိပြီး ယင်းအနက် နိုင်ငံခြား ခရီးသည် တစ်ဝက်ကျော် ပါဝင်ကြောင်း သိရသည်။ ရှင်းကျန်း ခါရှ်နှင့် စီချွမ်း ပြည်နယ် ဖျင်ဝူ စသည့် နေရာဒေသများ တွင်မူ ဒေသခံများ၏ ကြွယ်ဝသည့် ထူးခြားချက်ပါရှိသော ယဉ်ကျေးမှုဓလေ့ထုံးစံများ ရှိသည့်အတွက် တစ်ကမ္ဘာလုံးမှ ခရီးသည်များအား ဆွဲဆောင်လာနိုင်ခဲ့သည်။