中文 English {{ activeLangText || 'Languages' }} {{ item.text }}
မောင်းနှင်အားသစ်များက တရုတ်စီးပွားရေး၏ ပင်မဒေါက်တိုင်ဖြစ်လာ
ရှုထောင့် > အကြောင်းအရာ

မောင်းနှင်အားသစ်များက တရုတ်စီးပွားရေး၏ ပင်မဒေါက်တိုင်ဖြစ်လာ

经济日报|
分享到Facebook

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ယခုနှစ် ပထမခြောက်လပတ် ကိန်းဂဏန်း အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် "တီထွင်ဆန်းသစ်မှု" အဆင့်မြင့်မားသော မှတ်တမ်းကောင်းတစ်ခုကို ဖော်ပြနိုင်ခဲ့သည်။

အကြမ်းဖျင်း တွက်ချက်မှုများအရ အဆင့်မြင့်ထုတ်လုပ်မှု၊ ​ဒစ်ဂျစ်တယ်နှင့် အသိဉာဏ်တု စီးပွားရေးနှင့် ခေတ်မီဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်သော မောင်းနှင်အားသစ် (New growth drivers) များသည် ပထမခြောက်လပတ် စီးပွားရေးတိုးတက်မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို အထောက်အကူပြုခဲ့သည်။ သို့ဖြစ်ရာ တရုတ်စီးပွားရေး ဝင်ငွေ ၁၀ ယွမ် တိုးတက်တိုင်းတွင် ၄ ယွမ်ကျော်သည် မောင်းနှင်အားသစ်များမှ ရရှိခြင်းဖြစ်ပြီး ထိုမောင်းနှင်အားသစ်များသည် တရုတ်စီးပွားရေး၏ ပင်မဒေါက်တိုင်အဖြစ် ဦးဆောင်နေပြီဖြစ်သည်။

ကိန်းဂဏန်း အချက်အလက်များအရ သတ်မှတ်ပမာဏထက်ကျော်လွန်သော စက်မှုလုပ်ငန်းများ၏ တိုးတက်မှုနှုန်းသည် ၅.၄ ရာခိုင်နှုန်းရှိပြီး အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုကဏ္ဍသည် ၁၃.၃ ရာခိုင်နှုန်း၊ လေကြောင်းနှင့် အာကာသယာဉ် ပစ္စည်းထုတ်လုပ်မှုကဏ္ဍသည် ၁၆.၃ ရာခိုင်နှုန်း၊ အီလက်ထရွန်နစ်နှင့် ဆက်သွယ်ရေး ပစ္စည်းထုတ်လုပ်မှုကဏ္ဍသည် ၁၇ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့သည်။ ထို့ပြင် AI ကဏ္ဍတွင်လည်း အရှိန်အဟုန်မြှင့်တိုးတက်လျက်ရှိပြီး မိုက်ခရိုချစ် Integrated Circuits (IC) နှင့် စမတ်ယာဉ်သုံး ပစ္စည်းထုတ်လုပ်မှု တိုးတက်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။

မောင်းနှင်အားသစ်များသည် နည်းပညာတန်ဖိုး အကျိုးအမြတ် ရရှိလာခြင်း၊ စက်မှုကဏ္ဍ ကွင်းဆက်အပြည့်အဝ ပေါ်ပေါက်လာခြင်းနှင့် အစိုးရ+ဈေးကွက် ပူးပေါင်းဆောင်ရွက်မှု ဟန်ချက်ညီကောင်းမွန်ခြင်း စသည့် အချက် ၃ ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

သို့သော်လည်း စိန်ခေါ်မှုများ ကျန်ရှိနေသေးသည်။ ထိုးဖောက်ကျော်လွှားရမည့် အဓိက အဆင့်များစွာ ရှိနေသေးပြီး အဓိက အစိတ်အပိုင်းအချို့ လိုအပ်ချက်များရှိနေသေးခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒီဂျစ်တယ်ကူးပြောင်းမှု နှေးကွေးနေခြင်း၊ သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီများ၏ သုတေသနဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိအားကြီးမားခြင်းတို့အတွက် ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ထောက်ပံ့မှုစနစ်များကို ဆက်လက် တိုးမြှင့်သွားရန် လိုအပ်လျက်ရှိသည်။

ဆက်လက်၍ ကျွန်ုပ်တို့သည် နည်းပညာ တီထွင်ဆန်းသစ်မှုဆိုင်ရာ အဓိကအချက်ကို အမိအရ ဆုပ်ကိုင်ကာ အဓိကကျသော နည်းပညာများကို ကြိုးပမ်းကျော်လွှားပြီး စက်မှုကဏ္ဍ ကွင်းဆက်၏ အားနည်းချက်များကို ဖြည့်ဆည်းသွားမည် ဖြစ်ရာ အဆင့်မြင့် ထုတ်လုပ်မှုကဏ္ဍကို ကိုယ်ပိုင် ထိန်းချုပ်နိုင်ရေး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ရိုးရာစက်မှုလုပ်ငန်းများကို မြှင့်တင် ပြုပြင်ပြောင်းလဲသွားမည် ဖြစ်ပြီး မူဝါဒနှင့် စနစ်ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများဖြင့် စီးပွားရေးစနစ်၊ သိပ္ပံနှင့် နည်းပညာ သုတေသနစနစ်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်စီးပွားရေး၏ ဇာတ်ခုံထက်တွင် မောင်းနှင်အားသစ်များသည် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ပြသလာခဲ့ပြီဖြစ်သည်။ "တရုတ်နိုင်ငံ ထုတ်လုပ်မှု" မှ "တရုတ်နိုင်ငံ ဉာဏ်ရည်မြင့် ထုတ်လုပ်မှု" သို့လည်းကောင်း၊ ကမ္ဘာ့စက်ရုံ မှ ကမ္ဘာ့တီထွင်ဆန်းသစ်မှု ဗဟိုချက် သို့လည်းကောင်း ကူးပြောင်းလျက်ရှိရာ ယခုကဲ့သို့ မောင်းနှင်အား အဟောင်းနှင့် အသစ်တို့ အချိတ်အဆက်မိမိ ကူးပြောင်းမှုသည် တရုတ်စီးပွားရေး၏ အခြေခံအုတ်မြစ်နှင့် ဒေါက်တိုင်များကို ပြန်လည် ပုံဖော်ပေးလျက်ရှိသည်။ အခြေခံအုတ်မြစ်က ခိုင်မာစွာ ထိန်းမတ်ပေးထားပြီး မောင်းနှင်အားသစ်ကလည်း တိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လှသည်။ တရုတ်စီးပွားရေး၏ ပင်မဒေါက်တိုင်ကို မောင်းနှင်အားသစ်များက မဦးဆောင်နိုင်စရာမရှိသလို ရေရှည်အတွက်ပါ ပုခုံးထမ်း တာဝန်ယူသွားနိုင်မည်ဖြစ်သည်။