ယူနန် နီကျူးဟဲ ကမ်းပါးယံရှုခင်းကြည့် ဓာတ်လှေကား အမှတ် (၂) စတင်လည်ပတ်၊ တောင်ပေါ်ကလေးငယ်များ၏ "မိုးပျံကျောင်းကြို/ပို့ယာဉ်" ဓာတ်လှေကားသစ် တိုးချဲ့
人民网|

ဇူလိုင် ၃၁ ရက်တွင် ယူနန်ပြည်နယ်၊ ရွှမ်းဝေမြို့၊ နီကျူးဟဲ ချောက်ကမ်းပါးရှိ "ဖူယောင်း" (အမှတ် ၂ ကမ်းပါးယံ ရှုခင်းကြည့် ဓာတ်လှေကား) ကို စတင်ဖွင့်လှစ် လည်ပတ်ခဲ့သည်။ အဆိုပါ ဓာတ်လှေကားသည် ဒေါင်လိုက်အမြင့် မီတာ ၂၈၈ ရှိပြီး တစ်စက္ကန့်လျှင် ၅ မီတာ အရှိန်ဖြင့် မောင်းနှင်နိုင်သည်။
၂၀၂၂ ခုနှစ်က နီကျူးဟဲ ချောက်ကမ်းပါး အမှတ် (၁) ဓာတ်လှေကားနှင့် မိုးပျံကေဘယ်ကား (Cable Car) တို့ကို စတင်အသုံးပြုခဲ့ရာ ၃ နာရီကြာမြင့်သည့် တောင်ပေါ် ကျောင်းသွားလမ်းအား မိနစ် ၃၀ ထိ လျှော့ချပေးနိုင်ခဲ့ပြီး ဒေသခံများနှင့် ကျောင်းသားများအတွက် အခမဲ့ ပြေးဆွဲပေးခဲ့သဖြင့် အင်တာနက်ပေါ်တွင် လူသိများသည့် အမှတ် (၁) "မိုးပျံကျောင်းကြို/ပို့ယာဉ်" ဖြစ်လာခဲ့သည်။ ယခု အမှတ် (၂) ဓာတ်လှေကား စတင်လည်ပတ်ပြီးနောက် အပန်းဖြေစခန်းရှိ ကမ်းပါးယံ ဓာတ်လှေကား ၂ စင်း၏ စုစုပေါင်း သယ်ယူပို့ဆောင်ရေး စွမ်းရည်မှာ တစ်နာရီလျှင် လူဦးရေ ၁၂၀၀ အထိ ရှိလာမည်ဖြစ်သည်။ အမှတ် (၁) ဓာတ်လှေကား၏ မူဝါဒအတိုင်း နီကျူးဟဲကျေးရွာနှင့် ဂွမ်ကျဲကျေးရွာ ဒေသခံများ၊ ကျောင်းသူကျောင်းသားများအနေဖြင့် အခမဲ့ ဦးစားပေး စီးနင်းနိုင်မည်ဖြစ်ပြီး ကျောင်းသွား/ပြန် ကျောင်းသူကျောင်းသားများအတွက် အထူး "စိမ်းလန်းလမ်းကြောင်း"ကိုလည်း စီစဉ်ပေးထားရာ တောင်ပေါ်ဒေသ ပြည်သူများ သွားလာရေးနှင့် ကျေးလက်ဒေသ လူမှုဘဝ ထောက်ပံ့ရေးအတွက် ပိုမို အဆင်ပြေချောမွေ့ စေမည်ဖြစ်သည်။