中文 English {{ activeLangText || 'Languages' }} {{ item.text }}
CGTN ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက် - စျေးနှုန်းဖြင့် မပြိုင်ဘဲ နည်းပညာဖြင့် ယှဉ်ပြိုင်ပြီး "ဆန်းသစ်သည့် ထွက်ကုန်သစ် သုံးမျိုး" က "တကယ်ကောင်းတာပဲ ဟူသော နိယာမ" ကို သက်သေပြနေ
သတင်း > အကြောင်းအရာ

CGTN ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက် - စျေးနှုန်းဖြင့် မပြိုင်ဘဲ နည်းပညာဖြင့် ယှဉ်ပြိုင်ပြီး "ဆန်းသစ်သည့် ထွက်ကုန်သစ် သုံးမျိုး" က "တကယ်ကောင်းတာပဲ ဟူသော နိယာမ" ကို သက်သေပြနေ

CRI|
分享到Facebook

တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုက တစ်ကမ္ဘာလုံးဈေးကွက်တွင် ချန်ရစ်ထားသည့် အမှတ်သင်္ကေတမှာ ထပ်မံအသစ်တိုးလာခဲ့သည်။ ယခုအကြိမ်မှာ "ဆန်းသစ်သည့် ထွက်ကုန်သစ် သုံးမျိုး" ပင်ဖြစ်သည်။ အဝတ်အထည်၊ အိမ်ထောင်ပရိဘောဂ၊ အိမ်သုံး လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလိုင်းတွင် ကိုယ်စားထုတ်လုပ်ပေးသည်မှ စွမ်းအင်သစ်ကား၊ လီသီယမ်ဘတ်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်၏ အစိမ်းရောင်စွမ်းအင် ပြုပြင်ပြောင်းလဲမှုများအထိ ထိုမှတစ်ဆင့် ဉာဏ်ရည်တု (AI)၊ စက်ရုပ်နှင့် ဆန်းသစ်တီထွင်သော ဆေးများအထိ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုသည် လူကိုအံ့အားသင့်စေပေသည်။

China Media Group (CMG) CGTN သည် တစ်ကမ္ဘာလုံးမှ အင်တာနက် အသုံးပြုသူများကို မျက်နှာမူ၍ စစ်တမ်းကောက်ယူမှုအရ စစ်တမ်းဖြေကြားသူပေါင်း ၉၃.၁ ရာခိုင်နှုန်းက "ဆန်းသစ်သည့် ထွက်ကုန်သစ် သုံးမျိုး" လူကြိုက်များလာခြင်းမှာ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုသည် နိုင်ငံတကာဈေးကွက်အတွက် ကိုယ်ပိုင်ဖန်တီးထားသော နည်းပညာ၊ စမတ်စနစ်နှင့် ဖြေရှင်းရန်နည်းလမ်းများ ပံ့ပိုးပေးသည်ကို ထင်ဟပ်နေပြီး အနာဂတ်တွင် ပိုမိုများပြားသော ဆန်းသစ်တီထွင်မှု အကျိုးစီးပွားများ ထုတ်လွှတ်ပေးရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားကြသည်။

အဆိုပါစစ်တမ်းကောက်ယူမှုကို CGTN အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်နှင့် ရုရှား ဘာသာစကား ၅ မျိုး၏ ပလက်ဖောင်းတွင် ထုတ်ပြန်ခဲ့ပြီး ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူပေါင်း ၃,၃၃၉ ဦးက မဲပေးမှုတွင်ပါဝင်ကာ သဘောထားအမြင်များ ဖော်ပြခဲ့သည်။