ဂျပန်ဝန်ကြီးချုပ်ရုံး အဆင့်မြင့်အရာရှိ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ပြောကြားချက် များသည် သီးခြားဖြစ်ရပ်မဟုတ်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပပြီး ဂျပန်ဝန်ကြီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိ၏ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး ပြောကြားချက်များသည် ဂျပန်နိုင်ငံအတွင်းအပါအဝင် ကမ္ဘာတစ်ဝှမ်း လှုပ်ခတ်မှုဖြစ်စေခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဝန်ကြီးချုပ် တာကာအိချီ၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသောပြောဆိုမှုများအပြီး ၎င်း၏ အနီးကပ် အကြံပေးများက ထပ်မံ၍ အမှားများကို ပြောကြားလာခြင်းသည် နိုင်ငံတကာ လူ့အဖွဲ့အစည်း၏ သည်းခံနိုင်မှုမျဉ်းနီကို စမ်းသပ်နေခြင်းဖြစ်ပြီး ဝန်ကြီးချုပ် တာကာအိချီနှင့် ဂျပန်လက်ယာအစွန်းရောက်အုပ်စုများ၏ အမြဲတမ်းအမှားများနှင့် "စစ်ဘက် ပြန်လည်အားဖြည့်ရေး" လုပ်ငန်းစဉ်ကို ဆက်လက်တွန်းအားပေးလျက်ရှိသည့် ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကိုနှစ်သက်သော နိုင်ငံ အားလုံးနှင့်အတူ ပူးပေါင်း၍ ဂျပန်စစ်ဝါဒီများ ပြန်လည်အသက်သွင်းခြင်းကို ပြတ်ပြတ်သားသား ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။