တရုတ်နိုင်ငံ ရေအောက်ရှေးဟောင်းသုတေသနပညာရှင် - လူဦးရေ ၂၀၀ အောက်သာရှိတဲ့ လျှို့ဝှက်သောအလုပ်အကိုင်
တရုတ်နိုင်ငံ ရေအောက်ရှေးဟောင်းသုတေသနပညာရှင်သည် လူဦးရေ ၂၀၀ အောက်သာရှိတဲ့ လျှို့ဝှက်ဆန်းပြားသည့် အလုပ်အကိုင်တစ်ခုဖြစ်သည်။ ဖူကျန့်ပြည်နယ် ဖိန်ထန်ကျွန်းရှိ ရေအောက်ရှေးဟောင်းသုတေသန လေ့ကျင့်ရေးစခန်းတွင် တရုတ်တစ်နိုင်ငံလုံးမှ တက်ရောက်လာသော သင်တန်းသားများသည် ကျွမ်းကျင်သော ရေအောက်ရှေးဟောင်းသုတေသနဝင်အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် လေ့ကျင့်မှုများ ခံယူနေကြသည်။
"ကျွန်တော်တို့ဟာ မုဆိုးတွေလိုပါပဲ၊ မိုးကောင်းရင် စားရတယ်" ဟု ဟောင်ကောင်မှ ရေငုပ်ပညာရှင် ကျန်းပိုင်လန်းက ပြောသည်။ ရေအောက်လုပ်ငန်းဆောင်တာများအတွက် အခွင့်အလမ်းများသည် များသောအားဖြင့် မုန်တိုင်းများ အကြိမ်ကြိမ်ကျရောက်တတ်သော နွေရာသီတွင်သာ ပေါ်ထွက်လေ့ရှိပြီး ရှေးဟောင်းသုတေသနဝင်အဖွဲ့ဝင်များသည် လေပြင်းမုန်တိုင်းများနှင့် ယှဉ်ပြိုင်စောင့်ဆိုင်းရသည်ကို ကျင့်သားရထားရသည်။
၁၉၈၇ ခုနှစ်တွင် ချူယုံသည် "တောင်တရုတ်ပင်လယ် နံပါတ် I " ဟုခေါ်သော ရှေးခေတ်စုန်မင်းဆက် ကုန်သင်္ဘောတစ်စင်း၏ ရှေးဟောင်းပစ္စည်းများ လက်ခံရယူသည့် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ကွမ်တန်းပင်လယ်ပြင်တွင် တွေ့ရှိခဲ့သော ထိုကုန်သင်္ဘောသည် တရုတ်နိုင်ငံ ရေအောက်ရှေးဟောင်းသုတေသန၏ အစပျိုးမှုကို သက်သေထူသည်။ ထိုစဉ်က ပြည်တွင်းတွင် ဤနယ်ပယ်မှာ စတင်ဖွံ့ဖြိုးဆဲဖြစ်ပြီး လုပ်ငန်းသည် တူးဖော်ရန် အခက်အခဲများနှင့် ရန်ပုံငွေပြတ်လပ်မှုတို့ကြောင့် ရပ်တန့်နေခဲ့ရသည်။ ဟောင်ကောင်တွင် အခြေအနေပြောင်းလဲမှု ပေါ်ပေါက်ခဲ့သည် - ၁၉၉၉ ခုနှစ်တွင် လုပ်ငန်းရှင် ချန်လိုင်ဖားသည် ၎င်းအခြေအနေကို သိရှိပြီးနောက် သင်္ဘောများ၊ စက်ကိရိယာများနှင့် ရန်ပုံငွေများကို ယူဆောင်ကာ လုပ်ငန်းထဲသို့ ရင်းနှီးမြုပ်နှံခဲ့ပြီး "တောင်တရုတ်ပင်လယ် နံပါတ် I " ၏ ပထမဆုံး "နတ်သမီးရင်းနှီးမြှုပ်နှံသူ" ဖြစ်လာခဲ့သည်။
ရေအောက်ရှေးဟောင်းသုတေသနဝင်အဖွဲ့ဝင်တစ်ဦးဖြစ်လာရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ အခြေခံအဆင့်မှ လိုင်စင်ရအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ပြင်းထန်သောလေ့ကျင့်မှုများ ကြုံတွေ့ရသည်။ ချူယုံက ပြည်တွင်းတွင် ရှေ့တန်းတာဝန်များထမ်းဆောင်နိုင်သူဦးရေသည် ၂၀၀ အောက်သာရှိကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ်ဦးစီးဌာန၏ စာရင်းအချက်အလက်များအရ ပြည်တွင်းရှိ လိုင်စင်ရရေအောက်ရှေးဟောင်းသုတေသနပညာရှင်အရေအတွက်မှာ ၁၉၆ ဦးသာရှိသည်။

"စိတ်ကြိုက်လူစားကတော့ ရှေးဟောင်းသုတေသနနောက်ခံရှိပြီး ရေငုပ်ခြင်းကို ဝါသနာပါသူပါ" ဟု Cui Yong ကပြောသည်။ ကျန်းပိုင်လန်းကဲ့သို့ ရှေးဟောင်းသုတေသနဘာသာရပ်ဖြင့် ဘွဲ့ရပြီး ရေငုပ်လုပ်ငန်းထဲသို့ ဝင်ရောက်လာသော သင်တန်းသားများသည် ဤသေးငယ်သော်လည်း အရည်အသွေးပြည့်ဝသည့် အဖွဲ့၏ အသစ်ဖွံ့ဖြိုးလာသော အင်အားစုများ ဖြစ်လာနေသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ တရုတ်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)