တရုတ်-မြန်မာ နယ်စပ် ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက်ဖြတ်သန်းသွားလာသူအရေအတွက် ၅ သန်းကျော်ရှိ
ဒီဇင်ဘာ ၁၈ ရက် ည ၁၂ နာရီအထိ တရုတ်-မြန်မာနယ်စပ်ရှိ ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်၏ ၂၀၂၅ ခုနှစ် ခရီးသည်ပြည်ဝင်ပြည်ထွက်ဖြတ်သန်းသွားလာမှုအရေအတွက်သည် ၅ သန်းကျော်အထိ ရောက်ရှိခဲ့ပြီး ၅,၀၀၀,၈၀၀ ဦး ရှိခဲ့ကာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈.၈၄% တိုးများခဲ့သည်။ ယာဉ်ဖြတ်သန်းသွားလာမှုမှာ ၄၅၃,၉၀၀ စီး ရှိခဲ့သည်။
ယခုနှစ်မှစတင်၍ ရွှေလီမြို့လူဝင်ကြီးကြပ်ရေးစခန်းသည် “the Belt and Road”အထူးလမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီး ဖလှယ်သူ ၄၅၀ ဦးအား ထိရောက်စွာ နယ်စပ်ဖြတ်ကျော်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။ “နယ်စပ်ဖြတ်ကျော်ပညာသင်ကြားသည့် ကျောင်းသူကျောင်းသားကလေးများအတွက် နေရောင်ခြည်လမ်းကြောင်း”ကိုလည်း ဖွင့်လှစ်ပေးခဲ့ကာ နယ်စပ်ဖြတ်ကျော်ပညာသင်ကြားသည့် ကျောင်းသူကျောင်းသားကလေး ၁၂,၁၀၀ ဦးအား ဘေးကင်းလုံခြုံစွာနှင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသား ၂,၀၈၆ ဦးအတွက် ကျန်းမာရေးအရေးပေါ်ကုသမှုခံယူရန် “အရေးပေါ်ကူညီရေးအစိမ်းရောင်လမ်းကြောင်း”ကိုလည်း ဆက်တိုက်ဖွင့်လှစ်ပေးခဲ့သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)