တရုတ်နိုင်ငံတွင် ရဲခွေးများအတွက် "နိုင်ငံတော်အသိအမှတ်ပြု တံဆိပ်" မျိုးဆက်ဖြစ်သည့် ကူမင်းခွေး

အရင်းအမြစ်:လက်ရှိတွင် တရုတ်နိုင်ငံသည် မိမိတို့ကိုယ်တိုင် မွေးမြူထားသော ထူးချွန်သည့် ရဲတပ်ဖွဲ့သုံးခွေးမျိုးစိတ် — ကူမင်းခွေး ၏ အသုံးပြုမှုကို အားကြိုးမာန်တက် မြှင့်တင်လျက်ရှိပြီး၊ ရဲခွေးတပ်ဖွဲ့များအတွင်း ၎င်း၏ အချိုးအစားကို ပိုမိုတိုးချဲ့ခြင်းဖြင့် ရဲခွေးနည်းပညာများ "အလုံးစုံအားဖြင့် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအဆင့်" ဖြစ်လာရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပါသည်။ သိရသည်မှာ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက တရုတ်နိုင်ငံ ပြည်သူ့အင်အားဦးစီးဌာန၏ ကူမင်းမြို့ ရဲခွေးစခန်းတွင် စနစ်တကျ မွေးမြူခြင်းကို စတင်ခဲ့ပြီး၊ ဆယ်စုနှစ်များစွာ သိပ္ပံနည်းကျ ရွေးချယ်မွေးမြူခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့အင်အားဦးစီးဌာန၏ အတည်ပြုစစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်သန်းကာ "ကူမင်းခွေး" အဖြစ် တရားဝင် အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ တကယ့်လက်တွေ့ အသုံးချမှုများဖြင့် မွေးမြူခဲ့ရသည့် ကူမင်းခွေးသည် ယခုအခါ ရဲတပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေး၊ အကောက်ခွန်ဌာန မှောင်ခိုများဖမ်းဆီးတိုက်ဖျက်ရေး စသည့် နယ်ပယ်ပေါင်းစုံ၏ "တတ်ကျွမ်းသူအမျိုးမျိုး" ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အနံ့ခွဲခြားခြင်း၊ ခြေရာခံလိုက်ခြင်း၊ သက်သေအထောက်အထား ရှာဖွေခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အရေးပေါ်ကိုင်တွယ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေး စသည့် ကျွမ်းကျင်မှုလိုအပ်သော တာဝန်များတွင် ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကူမင်းခွေးများသည် နိုင်ငံတကာသို့လည်း ရောက်ရှိခဲ့ပြီး၊ စင်ကာပူ၊ ဗီယက်နမ်၊ ပါကစ္စတန် အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး၏ "ချစ်ကြည်ရေး သံတမန်များ" အဖြစ် တရုတ်၏ ရဲခွေးနည်းပညာ၏ ခိုင်မာသော အရည်အသွေးကို ပြသနိုင်ခဲ့ပါသည်။ "လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရဲခွေးနည်းပညာ ပြိုင်ဆိုင်မှုများ တစ်စစ ပြင်းထန်လာနေပြီး တည်ငြိမ်၊ အရည်အသွေးမြင့်မားပြီး ဒေသပတ်ဝန်းကျင်နှင့် ကိုက်ညီသော အလုပ်ခွေးမျိုးရင်းကို ပိုင်ဆိုင်ခြင်းသည် ရဲခွေးနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ တက်ကြွမှုအချက်တစ်ခုကို ကိုင်တွယ်နိုင်ရန် အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်" ဟု ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ အင်အားဦးစီးဌာနသည် ကူမင်းခွေးမွေးမြူမှုလုပ်ငန်းကို အာရုံစိုက်လျက်၊ အရင်းအမြစ်များအား စုစည်းညှိနှိုင်းကာ သုတေသန၊ မွေးမြူရေး၊ လေ့ကျင့်ရေး၊ အသုံးချရေးနှင့် စီမံခန့်ခွဲရေး ဆက်စပ်လုပ်ငန်းစဉ်များ အားလုံးတွင် အင်အားစုပေါင်းဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၎င်း၏ ထူးခြားသော ရဲတပ်ဖွဲ့သုံးတန်ဖိုးကို နက်ရှိုင်းစွာ ဖော်ထုတ်ကာ၊ ရဲခွေးနည်းပညာများ ကိုယ်ပိုင်ထိန်းချုပ်နိုင်ပြီး ဆက်လက်ဆန်းသစ်တီထွင်နိုင်ရေး အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ပေးသွားမည်ဖြစ်သည်။ ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန ဘာသာပြန် ။ ။ Zhang Yinglin မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)   |    2025-12-19 18:58:00

လက်ရှိတွင် တရုတ်နိုင်ငံသည် မိမိတို့ကိုယ်တိုင် မွေးမြူထားသော ထူးချွန်သည့် ရဲတပ်ဖွဲ့သုံးခွေးမျိုးစိတ် — ကူမင်းခွေး ၏ အသုံးပြုမှုကို အားကြိုးမာန်တက် မြှင့်တင်လျက်ရှိပြီး၊ ရဲခွေးတပ်ဖွဲ့များအတွင်း ၎င်း၏ အချိုးအစားကို ပိုမိုတိုးချဲ့ခြင်းဖြင့် ရဲခွေးနည်းပညာများ "အလုံးစုံအားဖြင့် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအဆင့်" ဖြစ်လာရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပါသည်။

သိရသည်မှာ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက တရုတ်နိုင်ငံ ပြည်သူ့အင်အားဦးစီးဌာန၏ ကူမင်းမြို့ ရဲခွေးစခန်းတွင် စနစ်တကျ မွေးမြူခြင်းကို စတင်ခဲ့ပြီး၊ ဆယ်စုနှစ်များစွာ သိပ္ပံနည်းကျ ရွေးချယ်မွေးမြူခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့အင်အားဦးစီးဌာန၏ အတည်ပြုစစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်သန်းကာ "ကူမင်းခွေး" အဖြစ် တရားဝင် အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ဆယ်စုနှစ်များစွာ တကယ့်လက်တွေ့ အသုံးချမှုများဖြင့် မွေးမြူခဲ့ရသည့် ကူမင်းခွေးသည် ယခုအခါ ရဲတပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေး၊ အကောက်ခွန်ဌာန မှောင်ခိုများဖမ်းဆီးတိုက်ဖျက်ရေး စသည့် နယ်ပယ်ပေါင်းစုံ၏ "တတ်ကျွမ်းသူအမျိုးမျိုး" ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အနံ့ခွဲခြားခြင်း၊ ခြေရာခံလိုက်ခြင်း၊ သက်သေအထောက်အထား ရှာဖွေခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အရေးပေါ်ကိုင်တွယ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေး စသည့် ကျွမ်းကျင်မှုလိုအပ်သော တာဝန်များတွင် ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကူမင်းခွေးများသည် နိုင်ငံတကာသို့လည်း ရောက်ရှိခဲ့ပြီး၊ စင်ကာပူ၊ ဗီယက်နမ်၊ ပါကစ္စတန် အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး၏ "ချစ်ကြည်ရေး သံတမန်များ" အဖြစ် တရုတ်၏ ရဲခွေးနည်းပညာ၏ ခိုင်မာသော အရည်အသွေးကို ပြသနိုင်ခဲ့ပါသည်။

"လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရဲခွေးနည်းပညာ ပြိုင်ဆိုင်မှုများ တစ်စစ ပြင်းထန်လာနေပြီး တည်ငြိမ်၊ အရည်အသွေးမြင့်မားပြီး ဒေသပတ်ဝန်းကျင်နှင့် ကိုက်ညီသော အလုပ်ခွေးမျိုးရင်းကို ပိုင်ဆိုင်ခြင်းသည် ရဲခွေးနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ တက်ကြွမှုအချက်တစ်ခုကို ကိုင်တွယ်နိုင်ရန် အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်" ဟု ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ အင်အားဦးစီးဌာနသည် ကူမင်းခွေးမွေးမြူမှုလုပ်ငန်းကို အာရုံစိုက်လျက်၊ အရင်းအမြစ်များအား စုစည်းညှိနှိုင်းကာ သုတေသန၊ မွေးမြူရေး၊ လေ့ကျင့်ရေး၊ အသုံးချရေးနှင့် စီမံခန့်ခွဲရေး ဆက်စပ်လုပ်ငန်းစဉ်များ အားလုံးတွင် အင်အားစုပေါင်းဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၎င်း၏ ထူးခြားသော ရဲတပ်ဖွဲ့သုံးတန်ဖိုးကို နက်ရှိုင်းစွာ ဖော်ထုတ်ကာ၊ ရဲခွေးနည်းပညာများ ကိုယ်ပိုင်ထိန်းချုပ်နိုင်ပြီး ဆက်လက်ဆန်းသစ်တီထွင်နိုင်ရေး အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ပေးသွားမည်ဖြစ်သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

တရုတ်နိုင်ငံတွင် ရဲခွေးများအတွက် "နိုင်ငံတော်အသိအမှတ်ပြု တံဆိပ်" မျိုးဆက်ဖြစ်သည့် ကူမင်းခွေး