၂၀ နှစ်အရွယ် ဆေးပညာအထူးပြုကျောင်းသားတစ်ဦးသည် ၉ လသားကလေးငယ်တစ်ဦး၏ အသက်ကို ကယ်တင်ခဲ့
ထျန်ကျင်းကျန်းမာရေးတက္ကသိုလ်(Tianjin Medical University) မှ ဆေးပညာအထူးပြုကျောင်းသား လောလီသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ ရိုးတွင်းခြင်ဆီဘဏ်တွင် စာရင်းသွင်းခဲ့သည်။ မကြာသေးမီက သူသည် ထျန်ကျင်းမြို့ ကြက်ခြေနီအသင်းမှ ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပြီး ၉ လသားကလေးငယ်တစ်ဦးနှင့် ကိုက်ညီမှုရှိကြောင်းသိရှိခဲ့သည်။ ထိုကလေးငယ်သည် ရှားပါးသော မျိုးရိုးဗီဇရောဂါ "နာတာရှည် အအေးမိဖုအသားလုံး" (Chronic Granulomatous Disease) ခံစားနေရပြီး ကိုယ်ခံအားစနစ် ပြင်းထန်စွာချို့ယွင်းနေကာ သွေးဆဲလ်အစားထိုးကုသမှုသည် အသက်ကယ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
"ကျောင်းမပြီးသေးခင် အသက်တစ်ချောင်းကို ကယ်တင်ခွင့်ရခြင်းက ကျွန်တော့်အတွက် အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်ပါတယ်" ဟု လောလီက ပြောကြားခဲ့သည်။ အသက်နှင့်သက်ဆိုင်သောဤရွေးချယ်မှုကို ရင်ဆိုင်ရာတွင် သူသည် ထပ်မံတွေ့ဆုံခြင်းမပြုတော့ဘဲ လှူဒါန်းရန် ချက်ခြင်းသဘောတူညီခဲ့သည်။ သူက "ကျွန်တော်သည် ဆေးပညာအထူးပြုကျောင်းသားတစ်ဦးဖြစ်ပြီး အသက်ကယ်ခြင်းနှင့် ဒုက္ခရောက်သူများကိုကူညီခြင်းသည် အရိုးထဲအထိစွဲနေသော ယုံကြည်ချက်ဖြစ်ပါသည်။ ကလေးကလည်း ၉ လသာ ရှိသေးတာမို့ ရောဂါဘယက သူ့အနာဂတ်ကိုယူဆောင်သွားအောင် ကျွန်တော်မျက်စိမှိတ်ကြည့်မနေနိုင်ပါ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ CCTV News၊ ကျန်းကျင်းမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)