စိတ်လှုပ်ရှားအံ့ဩစရာကောင်းလှပါသည်၊ စောင်ထဲတွင်ကျန်ရစ်ခဲ့သည့် ၃ စင်တီမီတာအရှည်ရှိ ချုပ်အပ်တစ်ချောင်းသည် ကိုးလသားကလေးငယ်၏ ကျောရိုးအတွင်းသို့ စိုက်ဝင်ခဲ့

အရင်းအမြစ်: အန်ဟွေးစီးပွားရေးသတင်းစာ   |    2025-12-17 18:52:00

စိတ်လှုပ်ရှားအံ့ဩစရာကောင်းလှပါသည်၊ ကိုးလသားကလေးငယ်တစ်ဦးသည် အိပ်စက်နေစဉ် စောင်ထဲတွင် ကျန်ရစ်ခဲ့သည့် ၃ စင်တီမီတာအရှည်ရှိ ချုပ်အပ်တစ်ချောင်းသည် ကလေး၏နောက်ကျောထဲသို့ စိုက်ဝင်ခဲ့ပြီး ကိုယ်ခန္ဓာအရွေ့အပြောင်းနှင့်အတူ ကျောရိုးအတွင်းသို့ တိုးဝင်ကာ အာရုံကြောမကြီးနှင့် ကပ်လျက်ရှိနေခဲ့သည့် အခြေအနေသည် အလွန်အန္တရာယ်များလှသည်။

ဆရာဝန်များက ဤအဖြစ်အပျက်ကို "အန္တရာယ်အရှိဆုံးပစ္စည်းထိုးဖောက်ဒဏ်ရာတစ်ခု" အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆေးရုံအဖွဲ့သည် သုံးဖက်မြင်စီတီစကင်ဖြင့် တည်နေရာ တိကျစွာသတ်မှတ်ကာ အဆင့်မြင့် မိုက်ခရိုစကုတ်အောက်တွင် ကလေး၏သေးငယ်သောကျောရိုးအကြားမှ အပ်ကို သေချာစွာခွဲထုတ်ခဲ့ရာ အရေးကြီးသော သွေးကြောများနှင့် အာရုံကြောများကို ရှောင်ရှားပြီး အပ်တစ်ချောင်းလုံးကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။

ခွဲစိတ်ကုသပြီးနောက် ကလေးငယ်သည် ခြေလက်အင်္ဂါများ ပုံမှန်လှုပ်ရှားနိုင်ခဲ့ပြီး အာရုံကြောလုပ်ဆောင်မှုများ မပျက်မကွက် ကောင်းမွန်ခဲ့ကာ မကြာသေးမီက ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ အန်ဟွေးစီးပွားရေးသတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

စိတ်လှုပ်ရှားအံ့ဩစရာကောင်းလှပါသည်၊ စောင်ထဲတွင်ကျန်ရစ်ခဲ့သည့် ၃ စင်တီမီတာအရှည်ရှိ ချုပ်အပ်တစ်ချောင်းသည် ကိုးလသားကလေးငယ်၏ ကျောရိုးအတွင်းသို့ စိုက်ဝင်ခဲ့