၂၀၂၅ ထိန်ချုံသိပ္ပံပညာရှင်များဖိုရမ် – လန်ချန်း-မဲခေါင် ရိုးရာတိုင်းရင်းဆေးပညာရပ်ဆိုင်ရာဆွေးနွေးပွဲ တယ်ဟုန်ပြည်နယ်ခွဲတွင် ကျင်းပ
ဒီဇင်ဘာ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ရိုးရာတိုင်းရင်းဆေးပညာအသင်း၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာ ဖလှယ်ရေးစင်တာ၊ ယူနန်ပြည်နယ် သိပ္ပံနှင့် နည်းပညာအသင်းနှင့် တယ်ဟုန် တိုင်(ရှမ်း)၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ ဦးဆောင်ကျင်းပသော “၂၀၂၅ ထိန်ချုံသိပ္ပံပညာရှင်များဖိုရမ်" – လန်ချန်း-မဲခေါင် ရိုးရာတိုင်းရင်းဆေးပညာရပ်ဆိုင်ရာဆွေးနွေးပွဲ”ကို တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည် “၂၀၂၅ ထိန်ချုံသိပ္ပံပညာရှင်များဖိုရမ်”၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး “ဒစ်ဂျစ်တယ်နှင့် အလိုအလျောက်စနစ်များက ရိုးရာတိုင်းရင်းဆေးပညာကို အရည်းအသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် စွမ်းဆောင်ပေးခြင်း”ဟူသော ဆောင်ပုဒ်ဖြင့် လန်ချန်း-မဲခေါင်ဖြစ်ဝှမ်းဒေသရှိ နိုင်ငံများအကြား ရိုးရာတိုင်းရင်းဆေးပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။
တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်စသည့် ၆ နိုင်ငံတို့မှ ရိုးရာတိုင်းရင်းဆေးပညာဆိုင်ရာ အစိုးရအရာရှိများ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်များအပါအဝင် ပြည်တွင်းပြည်ပဧည့်သည်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ “ရိုးရာတိုင်းရင်းဆေးပညာကို အရည်းအသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် စွမ်းဆောင်ပေးခြင်း” ဟူသည့် အဓိကဆောင်ပုဒ်ကို ဗဟိုပြု၍ ရိုးရာတိုင်းရင်းဆေးပညာ ခေတ်မီဖွံ့ဖြိုးရေး၊ စံချိန်စံညွှန်းနှင့် နိုင်ငံတကာဆန်ရေးအတွက် ဒစ်ဂျစ်တယ်နှင့် အလိုအလျောက်စနစ်များ၏ မြှင့်တင်ပေးမှု လမ်းကြောင်းအသစ်များကို အတူတကွ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်လာသော ကျွမ်းကျင်ပညာရှင်များသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့၊ ရွှေလီမြို့နှင့် လုံချွမ်းခရိုင်စသည့်ဒေသများသို့ သွားရောက်၍ ဒေသတွင်း တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် တရုတ်ဆေးကုဌာနများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လက်တွေ့လေ့လာကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ဖလှယ်မှုနှင့် လက်တွေ့လုပ်ငန်း လုပ်ဆောင်မှုများကို ရင်းနှီးစွာ ချိတ်ဆက်ရန် ရည်ရွယ်ထားပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)