တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေး ပြန်တမ်းကို ထုတ်ပြန်

အရင်းအမြစ်:CRI   |    2025-10-23 18:17:00

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၂၀၂၅ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့မှ ၂၃ရက်နေ့ အထိ ပေကျင်းတွင် ကျင်းပခဲ့သည်။

ယခုအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ကြသူများတွင် ဗဟို ကော်မတီဝင် ၁၆၈ဦး၊ အရန် ဗဟို ကော်မတီဝင် ၁၄၇ဦး ပါဝင်ကြောင်း၊ ဗဟိုကော်မတီ စည်းမျဉ်းစည်းကမ်း ကြပ်မတ်ရေး ကော်မရှင် အမြဲတမ်း ကော်မရှင် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဘက်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အစည်းအဝေးသို့ တက်ရောက်ပြီး လေ့လာအကဲခတ်ကာ တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များတွင် အခြေခံ အဆင့် ပုဂ္ဂိုလ်နှင့် ပါရဂူ ပညာရှင် အချို့လည်း အစည်းအဝေးသို့ တက်ရောက်ပြီး လေ့လာအကဲခတ်ခဲ့ကြကြောင်း သတင်းအရ သိရသည်။

မျက်နှာစုံညီ အစည်းအဝေးကို ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့မှ ကြီးမှူးကျင်းပခဲ့ကြောင်း၊ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့မှ တာဝန် ပေးအပ်မှုအရ ရှီကျင့်ဖိန်က တင်ပြခဲ့သည့် လုပ်ငန်း အစီရင်ခံစာကို ကြားနာပြီး ဆွေးနွေး ခဲ့ကြောင်း၊ “အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း ချမှတ်ရေး ဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ အဆိုပြုချက်”ကို စိစစ် အတည်ပြုခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် ၄င်းအဆိုပြုချက် (ဆွေးနွေးရန် မူကြမ်း)နှင့် ပတ်သက်၍ ရှင်းပြပေးခဲ့ကြောင်း သတင်းအရ သိရသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို အပြည့်အဝ အတည်ပြု ခဲ့သည်။

မျက်နှာစုံညီ အစည်းအဝေးတွင် “၁၄ကြိမ်မြောက် ၅နှစ် စီမံကိန်း” အချိန်ကာလအတွင်း မိမိတို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိခဲ့သော အရေးကြီး အောင်မြင်မှုများကို တန်ဖိုးထား ချီးကျူးခဲ့သည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ဆိုရှယ်လစ် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ဆောင်ခြင်းသည် လှေကားနှင့် လှေကားထစ်လို တစစ တိုးလာပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် သမိုင်းဖြစ်စဉ် တစ်ခု ဖြစ်၍ မလျှော့သောဇွဲဖြင့် ဆက်တိုက် အားထုတ် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြပါသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း အချိန်ကာလ၌ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အောက်ပါ မူများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းမူများတွင် ပါတီ၏ ဘက်စုံ ဦးဆောင်မှုကို စွဲကိုင်ထားခြင်း၊ ပြည်သူ့ကို ထိပ်ဆုံးနေရာတွင် ထားရှိရန် စွဲကိုင်ထားခြင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စွဲကိုင်ထားခြင်း၊ ပြုပြင်ပြောင်းလဲမှု ဘက်စုံ နက်ရှိုင်းစွာ ဆောင်ရွက်ရန် စွဲကိုင်ထားခြင်း၊ ထိရောက်သော ဈေးကွက်နှင့် လက်တွေ့ကျကျ ဆောင်ရွက်သည့် အစိုးရ ပေါင်းစပ်ထားခြင်း ကို စွဲကိုင်ထားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအား ဘက်ပေါင်းစုံမှနေ စီမံခန့်ခွဲမှုကို စွဲကိုင်ထားခြင်းများ ပါဝင်သည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း အချိန်ကာလ၌ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက ရည်မှန်းချက်များကို သတ်မှတ်ခဲ့ သည်။ ယင်း ရည်မှန်းချက်များတွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် သိသာထင်ရှား သော အောင်မြင်မှုနှင့် အကျိုးသက်ရောက်မှုများ ရရှိရန်၊ သိပ္ပံနည်းပညာ ဆိုင်ရာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း အဆင့်အတန်းကို များစွား တိုးမြင့်စေရန်၊ ပြုပြင် ပြောင်းလဲမှု တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစွာ ဆောင်ရွက်ရာတွင် ထိုးဖောက်ကျော်လွှားမှု ရရှိရန်၊ လူမှုရေး ယဉ်ကျေးမှု အဆင့်အတန်း သိသာထင်ရှားစွာ တိုးမြင့်စေရန်၊ ပြည်သူများ၏ နေထိုင်မှု ဘဝ အရည်အသွေး အဆက်မပြတ် တိုးမြင့်စေရန်၊ သာယာလှပသော တရုတ်ပြည် တည်ဆောက်ရေးတွင် ကြီးမားသော တိုးတက်မှုသစ်များ ရရှိရန်နှင့် နိုင်ငံတော် လုံခြုံရေး အကာအရံ ပိုမို ခိုင်မာစေရန် ပါဝင်သည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ခေတ်မီသော စက်မှုလုပ်ငန်း စနစ်ကို တည်ဆောက်ပြီး ရုပ်ဝတ္ထုစီးပွားရေး အခြေခံ အုတ်မြစ်ကို ကြီးထွားခိုင်မာအားကောင်းစေမည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းဝေးတွင် အဆင့်မြင့် သိပ္ပံနည်းပညာ ဆိုင်ရာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်းကို အရှိန်မြှင့် ဆောင်ရွက်ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်လမ်းညွှန်းပေးမည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် အားကောင်းသော ပြည်တွင်း ဈေးကွက်ကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အနေအထားသစ်ကို အရှိန်မြှင့် တည်ဆောက်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် အဆင့်မြင့် ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်ကို အရှိန်မြှင့် တည်ဆောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားကို တိုးမြှင့်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှုကို တိုးချဲ့ ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် အကျိုးရှိစေသည့် အခြေအနေသစ်ကို ဖန်တီးပေးမည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့် ဆောင်ရွက်ပြီး ကျေးလက်ဒေသ ဘက်စုံကျယ်ပြန့်စွာ ရှင်သန်ရေးကို ဇောက်ချ ဖော်ဆောင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေး အခင်းအကျင်းကို ကောင်းမွန် မျှတစွာ စီစဉ်ပေးပြီး ဒေသများ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်မည် ဖြစ်ကြောင်း ဖော်ပြသည်။

တိုင်းရင်းသား လူမျိုးစု ပြည်သူ တစ်ရပ်လုံး၏ ယဉ်ကျေးမှု ဆန်းသစ်တီထွင်ရေးနှင့် တီထွင်ဖန်တီးရေး ရှင်သန်မှုကို လှုံ့ဆော်ပြီး ဆိုရှယ်လစ် ယဉ်ကျေးမှုကို စည်ပင်သာယာ အောင် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်သူတို့၏ စားဝတ်နေရေးကို အာမခံပေးရန်နှင့် ကောင်းမွန်စေရန် အားဖြည့်ဆောင်ရွက်ပြီး ပြည်သူ တစ်ရပ်လုံး၏ အတူတကွ သာယာဝပြောမှုကို ဇောက်ချ၍ အကောင်အထည် ဖော်ဆောင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၏ ဘက်စုံ မြစိမ်းရောင် အသွင်ကူးပြောင်းရေးကို အရှိန်မြှင့် ဆောင်ရွက်ပြီး သာယာလှပသော တရုတ်နိုင်ငံကို တည်ဆောက်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေး စနစ်နှင့် စွမ်းဆောင်ရည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပြီး ပိုမို အဆင့်မြင့်မားသည့် အေးချမ်းသော တရုတ်နိုင်ငံကို တည်ဆောက်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်သူ့ တပ်မတော် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အားထုတ်ကြိုးပမ်းမှု ရည်မှန်းချက်ကို စီစဉ်ထားသည့် အချိန် အတိုင်း အကောင်အထည် ဖော်ဆောင်ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို အရည်အသွေးမြင့်မားစွာ ဖော်ဆောင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ပါတီ တစ်ခုလုံး၊ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသား လူမျိုးစု ပြည်သူ တစ်ရပ်လုံးတို့ စည်းလုံးညီညွတ်ပြီး ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်းကို အကောင် အထည် ဖော်ဆောင်ရန် အတွက် အားထုတ်ကြိုးပမ်းကြရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရ များကို ကောင်းမွန်လေးနက်စွာ လေ့လာကျင့်သုံးခြင်းသည် လက်ရှိအချိန်တွင်ရော၊ လာမည့် အချိန်ကာလတွင်ပါ ပါတီတစ်ခုလုံးနှင့် တစ်နိုင်ငံလုံး၏ အရေးကြီး နိုင်ငံရေး လုပ်ငန်း တာဝန် ဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် တိုင်းပြည်ကို စီမံအုပ်ချုပ်လျှင် ပါတီကို အရင် စီမံအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ ပါတီက သာယာဝပြောမှသာ တိုင်းပြည်သည် အားကောင်း လာနိုင်ကြောင်း အလေးထား ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် လက်ရှိ အခြေအနေနှင့် လုပ်ငန်းတာဝန်များကို သုံးသပ်ပြီး တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို ခိုင်မာ ပြတ်သားစွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်သူတို့၏ စားဝတ်နေရေး အာမခံပေးခြင်း လုပ်ငန်းကို ထိရောက်တိကျစွာ ဆောင်ရွက်ပြီး နည်းလမ်းမျိုးစုံဖြင့် အလားအလာကို ဖော်ထုတ်ကာ အလုပ်အကိုင်နေရာ ချထားမှု တည်ငြိမ်စေရေးနှင့် တိုးမြင့်စေရေး လုပ်ငန်းကို အားဖြည့်ဆောင်ရွက်၍ အဓိက လူအုပ်စုများ၏ အလုပ်အကိုင်နေရာ ချထားမှု တည်ငြိမ်စေရေးကို တိုးမြှင့်ပြီး လစာပေးရန် ကျန်ရှိနေသော ပြဿနာကို ပိုမို အားကောင်းစွာ ထိန်းချုပ်ပြုပြင်ကာ အခြေခံ အများပြည်သူ့ ဝန်ဆောင်မှုကို အားဖြည့်ဆောင်ရွက်၍ ပြည်သူလူထု၏ အရေးတကြီး ဖြေရှင်းရန် အခက်အခဲ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းပေးရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် လုပ်ငန်းခွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်း ကာကွယ်မှု လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး စီမံကွပ်ကဲရေး စနစ် အရပ်ရပ်ကို တင်းကျပ်စွာ လက်တွေ့ဖော်ဆောင်ကာ ကြီးမားသော လုံခြုံရေးဆိုင်ရာ မတော်တဆမှုများ မဖြစ်စေရန် ပြတ်သားစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် Zhang Shengmin ကို တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရာထူး ခန့်အပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ပါတီ အခြေခံ စည်းမျဉ်း ဥပဒေ၏ သတ်မှတ်ချက် အရ ဗဟို ကော်မတီ အရန် ကော်မတီဝင် Yu Huiwen၊ Ma Hancheng၊ Wang Jian၊ Wang Xi၊ Wang Yonghong၊ Wang Tingkai၊ Wang Xinwei၊ Wei Tao၊ Deng Yiwu၊ Deng Xiumingနှင့် Lu Hongတို့ကို ဗဟို ကော်မတီဝင် အဖြစ် ရာထူး ခန့်အပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ပါတီတစ်ခုလုံး၊ တပ်မတော် တစ်ရပ်လုံးနှင့် တိုင်းရင်းသားလူမျိုးစု ပြည်သူ တစ်ရပ်လုံးအား ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေ အဖြစ် ထားသော ပါတီ ဗဟို ကော်မတီ၏ ဦးဆောင်မှု အောက်တွင် ပိုမို ရင်းနှီးစွာ စည်းလုံးညီညွတ်ပြီး ဆိုရှယ်လစ် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံအားဖြင့် အကောင်အထည် ဖော်ဆောင်ရန် အတွက် အတူတကွ အားထုတ်ကြိုးပမ်းကာ တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးဖြင့် မွန်မြတ်သည့် အားကောင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး အရေးတော်ပုံအား ဘက်စုံ အကောင်အထည် ဖော်ဆောင်ရေး အခြေအနေသစ်ကို အဆက်မပြတ် ဖန်တီးပေးရန် နှိုးဆော်တိုက်တွန်းကြောင်း ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေး ပြန်တမ်းကို ထုတ်ပြန်