လုံခြုံရေးစစ်ဆေးစက်ထဲတွင် အနီရောင် အလုံးကလေးများ ပေါ်လာ...
အရင်းအမြစ်:China Railway |
2025-10-14 19:15:00
မကြာသေးမီက ယူနန်ပြည်နယ် ဟုန်ဟေဘူတာတွင် လုံခြုံရေးစစ်ဆေးစက်၏ ဖန်သားပြင်ပေါ်တွင် မီးအိမ်ပုံစံ ဝိုင်းလုံးပြည့်ဖြိုးနေသော အလုံးကလေးများ မကြာခဏ ပေါ်လာခဲ့သည်။ ၎င်းတို့မှာ အဘယ်နည်း။
အမှန်တကယ်တွင် ၎င်းတို့သည် “ယူနန်တောင်ပိုင်းဒေသ၏ ပုလဲနီ”ဟု အမည်တွင်သည့် မွန်ဇီ ချိုမြိန်သော သလဲသီးများ ဖြစ်သည်။ အီကွေတာမြောက်ဘက်စွန်းမှ လာသော ချိုမြိန်မှုသည် ခရီးသည်များ အထူးကြိုက်နှစ်သက်သည့် “လက်ဆောင်ပစ္စည်း”အဖြစ် ရှိလာခဲ့သည်။
ယူနန်ပြည်နယ် ဟုန်ဟေပြည်နယ်ခွဲ မြို့တော်ဖြစ်သော မွန်ဇီမြို့သည် နှစ်ပေါင်း ၈၀၀ ကျော်ကြာမြင့်သော သလဲသီးစိုက်ပျိုးရေးသမိုင်းကြောင်းရှိပြီး “တရုတ်၏ သလဲသီးဇာတိ”ဟု ဂုဏ်ပြုခေါ်ဆိုခြင်းခံရသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ China Railway
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)