“မြီ” မိသားစု ရာဇဝတ်ဂိုဏ်းဖွဲ့ဆိုင်ရာ မှုခင်းကို ပထမအကြိမ် စီရင်ဆုံးဖြတ်ချက်ကြေညာ
စက်တင်ဘာလ ၂၉ ရက်နေ့က ကျဲ့ကျန်းပြည်နယ် ဝင်းကျိုးမြို့ အလယ်အဆင့် ပြည်သူ့ တရားရုံးသည် “မြီ”မိသားစု ရာဇဝတ်ဂိုဏ်းဖွဲ့ဆိုင်ရာ မှုခင်းကို ပထမအကြိမ် စီရင်ဆုံးဖြတ် ကြေညာခဲ့ပါသည်။ မြီကော်ဖျင်း၊ မြီကျိန်းကျိန်း အပါအဝင် တရားခံ ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့ပါသည်။ ယန်ကျိန့်ရှီအပါအဝင် တရားခံ ၅ဦးကို သေဒဏ် ချမှတ်ခဲ့သော်လည်း ၂ နှစ် ရွေ့ဆိုင်းခဲ့ပါသည်။
ဝင်းကျိုးမြို့ အလယ်အဆင့် ပြည်သူ့ တရားရုံးက တရားခံ မြီကော်ဖျင်း နှင့် မြီကျိန်းကျိန်းတို့ သည် ရာဇဝတ်ဂိုဏ်းဖွဲ့ကို ဖွဲ့စည်းခြင်း၊ ဦးဆောင်ပါဝင်ခြင်း စတဲ့ ပြစ်မှုကျူးလွန်မှုများကြောင့် ၎င်းတို့၏လုပ်ရပ်သည် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု နှင့် ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု အပါအဝင် ပြစ်မှု ၁၄ မှုနှင့် သက်ဆိုင်ကြောင်း ယူဆထားသည်။ တရားရုံးသည် တရားခံ တစ်ဦးချင်းစီ၏ ပြစ်မှုကျူးလွန်မှုဆိုင်ရာ အချက်အလက်များ၊ သဘောသဘာဝ၊ အခြေအနေများနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်နစ်နာစေသော အတိုင်းအတာကို အခြေခံ၍ အထက်ပါ စီရင်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။