ရွှေလီမြို့ရှိ အမှတ် (၅) တိုင်းရင်းသားအထက်တန်းကျောင်းက မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ကျောင်းသူကျောင်းသားများသည် တရုတ်ရိုးရာယဉ်ကျေးမှုကို လက်တွေ့ခံစားကြ

အရင်းအမြစ်:တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ   |    2025-09-29 13:44:00

ရွှေလီမြို့ရှိ အမှတ် (၅) တိုင်းရင်းသားအထက်တန်းကျောင်းက မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ကျောင်းသူကျောင်းသားပေါင်း ၁၀၉ ယောက်နဲ့ မိဘတချို့က ကျောင်းဝင်းထဲမှာ အတူစုံစည်းကြပြီး တရုတ်ရိုးရာယဉ်ကျေးမှုကို လက်တွေ့ခံစားကာ ဆောင်းဦးလယ် လမုန့်ပွဲတော်ကို စက်တင်ဘာ ၁၄ ရက်နေ့မှာ အတူပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။

ဆောင်းဦးလယ်လမုန့်ပွဲတော် ကျောင်းဝင်းလှုပ်ရှားမှုမှာ ကျောင်းသူကျောင်းသားများနဲ့ မိဘတွေက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အကကို အတူကပြခဲ့ကြပြီး မီးပုံးပဟေဠိ၊ အိုးပေါက် (Pitch-pot) ကစားနည်း၊ လမုန့်မြည်းစမ်းခြင်းနဲ့ ဆုတောင်းစာရေးသားခြင်း စတဲ့လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး နွေးထွေးတဲ့ပွဲတော်အငွေ့အသက်ကို ခံစားခဲ့ကြပါတယ်။

မြန်မာနိုင်ငံသား ကျောင်းသားမိဘ တစ် ယောက် ရဲ့သားနှစ်ယောက်လုံးက ရွှေလီမြို့ရှိ အမှတ် (၅) တိုင်းရင်းသား အထက်တန်းကျောင်းမှ ကျောင်းသားတွေဖြစ်ပါတယ်။ သားကြီးက ဒီနှစ်မှာ တရုတ်နိုင်ငံက နာမည်ကျော် ရှမန် (Xiamen) တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး သားအငယ်ကတော့ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူတို့က ကျောင်းရဲ့ သင်ကြားမှုအခြေအနေက အရမ်းကောင်းသလို တရုတ်နဲ့ မြန်မာကျောင်းသူကျောင်းသားတွေက တန်းတူရည်တူ ဆက်ဆံခံရပြီး ကျောင်းက မြန်မာကျောင်းသူကျောင်းသားတွေကို သင်ကြားပျိုးထောင်ပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

ရွှေလီမြို့ရှိ အမှတ် (၅) တိုင်းရင်းသားအထက်တန်းကျောင်းက မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ကျောင်းသူကျောင်းသားများသည် တရုတ်ရိုးရာယဉ်ကျေးမှုကို လက်တွေ့ခံစားကြ