တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်တပ်ဖွဲ့များမှ တရုတ်အလုပ်သမားများအား အတင်းအဓ္ဓမခေါ်ယူကျွန်ပြုခဲ့

အရင်းအမြစ်:CRI   |    2025-09-18 16:53:00

စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ် မှတ်တမ်းရုံးသည် “တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်တပ်ဖွဲ့များမှ တရုတ်အလုပ်သမားများအား အတင်းအဓ္ဓမခေါ်ယူခြင်းနှင့် ကျွန်ပြုခြင်း”ဆိုင်ရာ အထူးမှတ်တမ်းဖိုင် စုစုပေါင်း ၆၂ ခုကို ဥပဒေနှင့်အညီ အများပြည်သူထံသို့ ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ တန်ဖိုးမဖြတ်နိုင်သော မှတ်တမ်းများတွင် ဂျပန်နယ်ချဲ့ဝါဒမှ တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် အချိန်ကာလ အတွင်းတွင် “အလုပ်သမားထိန်းချုပ်ရေး”မူဝါဒကျင့်သုံးခြင်း၊ တရုတ်အလုပ်သမားများအား စီမံကိန်းရှိရှိ၊ စည်းရုံးမှုရှိရှိ လုယူမှုနှင့် ကျွန်ပြုမှု၏ သမိုင်းကြောင်းအဖြစ်မှန်များကို ဖော်ထုတ်ထားပြီး ဂျပန်စစ်ဝါဒ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းခုံ၍မရသော မူရင်းစာရွက်စာတမ်းများဖြင့် သက်သေပြထားသည်ဟု သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်တပ်ဖွဲ့များမှ တရုတ်အလုပ်သမားများအား အတင်းအဓ္ဓမခေါ်ယူကျွန်ပြုခဲ့