လီချန်သည် တရုတ်နိုင်ငံတော်ကောင်စီ နဝမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ကြီးမှူးကျင်းပ
တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် သည် တရုတ်နိုင်ငံတော်ကောင်စီ နဝမ အကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့က ကြီးမှူးကျင်းပခဲ့ရာ လက်ရှိ စီးပွားရေးအခြေအနေနှင့် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သော တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်း ပြောဆိုချက်များ၏ စိတ်ဓာတ်ကို လေ့လာအကောင်အထည်ဖော်ခဲ့ပါသည်။ အစည်းအဝေးတွင် အခြေအနေအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သိပ္ပံနည်းကျကျ အကဲဖြတ်မှု၊ ဆုံးဖြတ်မှု၊ စီစဉ်မှုများနှင့် မိမိတို့၏ အတွေးအမြင်၊ လုပ်ဆောင်ချက်များကို အမှန်တကယ် ချိန်ညှိရမည်ဖြစ်ပြီး စီးပွားရေးပြန်လည်ဦးမော့လာသည့် အရှိန်အဟုန် ကောင်းကို ခိုင်မာတိုးချဲ့ကာ တစ်နှစ်လုံးစီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထားဖော်ပြခဲ့ပါသည်။