မြန်မာ နိုင်ငံသည် ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်
မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဟု ယခုလ ၁၈ ရက်နေ့က ကြေညာခဲ့ကြောင်း သတင်းအရ သိရသည်။
အစောပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လုံခြုံရေး အခြေအနေကြောင့် ကန့်သတ်ထားသော ဒေသအချို့ မှလွဲ၍ ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံးရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် အစီအစဉ်တကျ အဆင့်လိုက် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် အဆင့်တိုင်း၏ ရွေးကောက်ပွဲ ရက်များကို သီးခြား သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်များကို ထုတ်ပြန်ကြေညာပြီးလျှင် သက်ဆိုင်ရာ ဒေသအသီးသီး၏ လုံခြုံရေး အခြေအနေအရ အခြေအနေ ကောင်းမွန်ပြည့်စုံသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကို ဦးစားပေး ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများအတွက်လည်း ကြေညာချက်များကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။