China Walk: Vibrant Hainan မီဒီယာ လှုပ်ရှားမှုကို တရုတ်နိုင်ငံ ဟိုင်နန်တွင် စတင်ကျင်းပ

အရင်းအမြစ်:CRI   |    2025-08-19 17:28:00

ယခုလ ၁၈ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသည့် “တရုတ်နိုင်ငံတွင် ခြေဆန့်ခြင်း-ရှင်သန်မှုရှိသော ဟိုင်နန်” တရုတ် ပြည်တွင်းပြည်ပ မီဒီယာများ ပူးတွဲ သတင်းရယူခြင်းနှင့် “အာဆီယံ မိတ်ဖက်များ” မီဒီယာ နှီးနှောဖလှယ်ပွဲ(“China Walk: Vibrant Hainan Joint Interview and Seminar for Asean Media Partners”) ကို ဟိုင်နန် ပြည်နယ် စန်းယာ့မြို့တွင် ဖွင့်လှစ်လိုက်သည်။

“တရုတ်နိုင်ငံတွင် ခြေဆန့်ခြင်း”သည် China Media Group လက်အောက်ရှိ CGTNမှ ပြုလုပ်သော မီဒီယာ လှုပ်ရှားမှု စီးရီး ဖြစ်ပြီး နိုင်ငံ အသီးသီးက အဓိက မီဒီယာများမှ သတင်းထောက်များအား တရုတ် နိုင်ငံ၏ သာယာလှပမှုကို စူးစမ်းရှာဖွေရန် ဖိတ်ခေါ်ထားပြီး တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပြည်သူများ စိတ်နှလုံးချင်း ဆက်နွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ယခုအကြိမ် လှုပ်ရှားမှုတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် မလေးရှား စသည့် အာဆီယံ အဖွဲ့ဝင် ၉ နိုင်ငံများက အဓိက မီဒီယာ ၁၆ ခုမှ မီဒီယာ သမား ၂၉ ဦးနှင့် တရုတ် ပြည်တွင်းမီဒီယာသမားများ အပါအဝင် စုစုပေါင်း ၅၀ ဦးခန့်သည် ယခုလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ဟိုင်နန်ပြည်နယ်တွင် ပူးတွဲ သတင်းရယူခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

China Walk: Vibrant Hainan မီဒီယာ လှုပ်ရှားမှုကို တရုတ်နိုင်ငံ ဟိုင်နန်တွင် စတင်ကျင်းပ