ပေကျင်းမှာတွေ့ကြမယ်၊ ဒုတိယအကြိမ် ကမ္ဘာ့လူသားဆန်သောစက်ရုပ်များ အားကစား ပြိုင်ပွဲကို လာမည့်နှစ် သြဂုတ်လတွင် ကျင်းပမည်

အရင်းအမြစ်:CRI   |    2025-08-18 17:26:00

ယခုလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့လူသားဆန်သောစက်ရုပ်များ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို တရုတ်အမျိုးသား အမြန်စကိတ်စီးကွင်း "Ice Ribbon" တွင် ကျင်းပခဲ့သည်။

ကမ္ဘာ့စက်ရုပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေး မြို့ပြမဟာမိတ်အဖွဲ့၊ အာရှ-ပစိဖိတ် စက်ရုပ်များ ကမ္ဘာ့ဖလားနိုင်ငံတကာကောင်စီ နှင့် တရုတ်အီလက်ထရွန်းနစ်အသင်းတို့သည် ကမ္ဘာ့လူသားဆန်သောစက်ရုပ်များ အားကစား သမဂ္ဂအဖွဲ့ကို စတင်တည်ထောင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဒုတိယအကြိမ် ကမ္ဘာ့လူသားဆန်သော စက်ရုပ်များ အားကစားပြိုင်ပွဲကို လာမည့်နှစ် သြဂုတ်လတွင် ပေကျင်းမြို့ ပြည့်သူ့အစိုးရနှင့် China Media Group တို့ ပူးပေါင်း၍ ဆက်လက် ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း ပိတ်ပွဲအခမ်းအနားတွင် ကြေညာခဲ့သည်။

ပေကျင်းမှာတွေ့ကြမယ်၊ ဒုတိယအကြိမ် ကမ္ဘာ့လူသားဆန်သောစက်ရုပ်များ အားကစား ပြိုင်ပွဲကို လာမည့်နှစ် သြဂုတ်လတွင် ကျင်းပမည်