အခြေအနေက ဘာလဲ၊ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တျန်ချီရေကန်မှ ငါးအုပ်ကြီး ခုန်ထွက်ခြင်း အံ့ဖွယ်မြင်ကွင်း တွေ့ရှိခဲ့

အရင်းအမြစ်:ခိုင်ဖိန်သတင်း   |    2025-06-04 17:07:00

ဇွန်လ ၁ ရက် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တျန်ချီရေကန်၏ ဝင်ရိုးတစ်ခုတွင် အံ့ဩစရာမြင်ကွင်း ဖြစ်ပေါ်ခဲ့သည်။ ငါးများအုပ်စုလိုက် ရေထဲမှ အပြင်သို့ ခုန်ထွက်နေသည်ကို မြို့သူမြို့သားများက ဗီဒီယိုများ ရိုက်ကူး၍ မှတ်တမ်းတင်ခဲ့ကြသည်။

ထိုနေ့တွင် ငါးအုပ်များ ဆက်တိုက်ခုန်ထွက်ကာ အံ့ဖွယ်မြင်ကွင်းကို ဖန်တီးခဲ့ရာ ကြည့်ရှုနေသော မြို့သူမြို့သားနှင့် ခရီးသွားများ အံ့အားသင့်ခဲ့ကြသည်။ ငါးအရေအတွက် အနည်းဆုံး ရာနှင့်ချီပြီး ဤဖြစ်စဉ်သည် တစ်မိနစ်ကျော်ကြာမြင့်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုကြသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ခိုင်ဖိန်သတင်း
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

အခြေအနေက ဘာလဲ၊ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တျန်ချီရေကန်မှ ငါးအုပ်ကြီး ခုန်ထွက်ခြင်း အံ့ဖွယ်မြင်ကွင်း တွေ့ရှိခဲ့