တစ်ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးသည် တရုတ်နှင့် အမေရိကန်တို့ ၏ ပူးတွဲ တာဝန်ထမ်းဆောင်ခြင်းနှင့် ခွဲမရ

အရင်းအမြစ်:CRI   |    2025-01-16 17:49:00

အမေရိကန် အစိုးရသစ် စတင် အာဏာကျင့်သုံးရန် ၄-၅ရက်သာ လိုတော့သည်။ တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်ပြီး တစ်ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရန် နိုင်ငံတကာ မီဒီယာများက ပန်ကြားသည့် အသံသည် ပိုမို ကျယ်လောင်လာသည်။ ပါကစ္စတန် Daily Times သတင်းစာတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံတို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် ကမ္ဘာ ပြည်သူများ၏ ချမ်းသာသုခ တိုးပွားစေရန် တိုးမြှင့်ရေး အတွက် အကျိုးရှိကြောင်း ရေးသား ဖော်ပြထားသည်။ မကြာခင်က တရုတ် နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခဲ့သည့် အမေရိကန် နာမည်ကျော် စာရေးဆရာ Thomas L. Friedman က တည်ငြိမ်သော ၂၁ ရာစုနှစ်ကို အကောင်အထည် ဖော်ဆောင်ရန် အတွက် အမေရိကန်နှင့် တရုတ်တို့သည် လက်တွဲ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပန်ကြားချက်များသည် တရုတ်နှင့် အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံတို့ အနေနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် တည်ငြိမ်စေသည့် အရင်းအမြစ်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်ဂျင် အဖြစ် ကြိုးပမ်းဆောင်ရွက်ရန် အားလုံး၏ မျှော်လင့်ချက်ကို ပြဆိုနေသည်။ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှောပေါင်းစပ်သော လက်ရှိ ကမ္ဘာတွင် တရုတ်နှင့် အမေရိကန်တို့ အနေနှင့် ဘက်အသီးသီးတို့၏ မျှော်လင့်ချက်ကို လိုက်လျောညီထွေစေပြီး နိုင်ငံကြီး အနေနှင့် ထမ်းဆောင်သင့်သည့် တာဝန်များကို မည့်သို့ ထမ်းဆောင်ရမည်နည်း။

ပထမဦးစွာ အနေဖြင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့ အကြား အငြင်းပွားမှုနှင့် ခုခံယှဉ်ပြိင်မှု မပြုဘဲ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးသည် လူသား ငြိမ်းချမ်းရေး အတွက် အကျိုးပြု စွမ်းဆောင်မှုပင် ဖြစ်သည်။ အထူသဖြင့် နျူကလီးယား မပြန့်ပွားစေရေး နယ်ပယ်တွင် နှစ်နိုင်ငံတို့၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ လုံခြုံတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် အလွန် အရေးကြီးသည်။ ထို့အပြင်၊ ဒေသတွင်း ဟော့စပေါ့ ပြဿနာများ ဖြေရှင်းရေးကို တွန်းအားပေးရာတွင် တရုတ်နှင့် အမေရိကန်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို လိုအပ်သည်။

ဒုတိယအချက်က ဖွံ့ဖြိုးတိုးတက်ရေးသည် ငြိမ်းချမ်းရေး အတွက် အာမခံပေးချက် ဖြစ်သည်။ လက်ရှိ အချိန်တွင် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်းသည် အားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မညီမျှမှုကို ရင်ဆိုင်နေရသည်။ တရုတ်နှင့် အမေရိကန်တို့၏ စီးပွားရေး စုစုပေါင်း ပမာဏသည် ကမ္ဘာ့ စီးပွားရေး စုစုပေါင်း ပမာဏ၏ ၃ပုံ၁ပုံကျော် ရှိ၍ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန် တာဝန် ဝတ္တရားနှင့် စွမ်းဆောင်ရည် ရှိသည်။

တတိယအချက်ကတော့ စီမံအုပ်ချုပ်ရေးသည် တရုတ်နှင့် အမေရိကန်တို့ နိုင်ငံကြီး နှစ်နိုင်ငံ အနေနှင့် တာဝန် ထမ်းဆောင်ပြီး ဆောင်ရွက်သင့်သည့် နယ်ပယ် ဖြစ်သည်။ လက်ရှိ မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာတွင် နှစ်နိုင်ငံတို့သည် နိုင်ငံကြီး ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ပြီး ကောင်းမွန်သည့် အပြန်အလှန် ကူးလူးဖလှယ်မှု များကို ပြုလုပ်သင့်သည်။

စွမ်းဆောင်ရည် ကြီးလေလေ၊ တာဝန် ကြီးလေလေ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀တုန်းက ဒုတိယ ကမ္ဘာစစ်တွင် တရုတ်နှင့် အမေရိကန်တို့ ကျူးကျော်မှု သမားများကို လက်တွဲ ခုခံ တိုက်ခိုက်ကြသကဲ့သို့ပင် ယခုတွင် နှစ်တစ်ရာ အတွင်း မကြုံစဖူး ကြီးမားသည့် ပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့သည် သမိုင်း၊ ပြည်သူများနှင့် ကမ္ဘာ အပေါ် တာဝန်ယူသေးရန် လိုအပ်သည်။ နှစ်နိုင်ငံတို့သည် အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပြီး ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှော ပေါင်းစပ်သော ကမ္ဘာ အတွက် သေချာမှုနှင့် အပြုသဘောဆောင်သော အင်အားများကို ဖော်ဆောင်ပေးသင့်ကြသည်။

တစ်ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးသည် တရုတ်နှင့် အမေရိကန်တို့ ၏ ပူးတွဲ တာဝန်ထမ်းဆောင်ခြင်းနှင့် ခွဲမရ