တရုတ်-အမေရိကန် ဆက်ဆံရေး အတက်အကျ ကြုံတွေ့ခဲ့ရသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

အရင်းအမြစ်:CRI   |    2025-01-15 17:43:00

ဇန်နဝါရီလ ၁၄ ရကနေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျာခွင် က လွန်ခဲ့သည့် လေးနှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် အတက်အကျနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှု ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုဖြင့် နှစ်နိုင်ငံတို့သည် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် လမ်းညွှန်မူအချို့ကို ချမှတ်ကာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပြီး ဆက်သွယ်ရေးယန္တရား ၂၀ ကျော်ကို ပြန်လည်ထူထောင်(သို့) အသစ်ထူထောင်၍ နယ်ပယ်အချို့တွင် အောင်မြင်မှု ရလဒ်များ ရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် အခြေခံမူဝါဒများကို စွဲကိုင်၍ မိမိတို့၏ အချုပ်အခြာအာဏာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ထားပြီး၊ အမေရိကန်၏ မှားယွင်းသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။

တရုတ်-အမေရိကန် ဆက်ဆံရေး အတက်အကျ ကြုံတွေ့ခဲ့ရသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို